iMyanmarHouse.com - Best Property Website for Myanmar
×










အိမ်မွေးခွေးများ ထားရှိခြင်းသည် ကလေးဘဝ စိုးရိမ်ပူပန်မှုများကို လျော့ကျစေနိုင်သည်ဟု အမေရိကန်မှ လေ့လာမှုအသစ်တစ်ခုတွင် ဖော်ပြသည်။

ယခင်လေ့လာမှုများတွင်လည်း ခွေးများကြောင့် ဓာတ်မတည့် သော ပစ္စည်းများနှင့် စောစီးစွာ ထိတွေ့မှုရပြီးနောက် ကလေးငယ် များတွင် ဓာတ်မတည့်ခြင်း၊ ရင်ကျပ်ပန်းနာဖြစ်နိုင်ခြေကို လျော့ကျ စေသည်ဟု ပြသပြီးဖြစ်သည်။

စိုးရိမ်ပူပန်မှုဖြစ်ခြင်းနှင့် အဝလွန်ခြင်းတို့သည် ကလေးဘဝတွင် စတင်ဖြစ်ပေါ်ရာ ခွေးများနှင့်အတူ ဆော့ကစားခြင်း၊ အဖော်အပေါင်းဖြစ်ခြင်း၊ အပြန်အလှန်ဆက်သွယ်ပြောဆိုခြင်း၊ ဂရုစိုက်ခြင်း အလေ့အထများသည် အကျိုးရှိသည်ဟု သုတေသီများ က ပြောကြားသည်။

သုတေသီများသည် အသက်(၄)နှစ်နှင့် (၁၀)နှစ်ကြား ကလေးငယ်ပေါင်း ၆၄၃ ဦးကို ၂၀၁၂ ဇူလိုင်မှ ၂၀၁၃ ဒီဇင်ဘာအထိ စောင့်ကြည့်ခဲ့သည်။

မိဘများနှင့် ကလေးငယ်များအား ကြိုတင်စစ်တမ်း လေ့လာမှုလည်း ကောက်ယူခဲ့သည်။

ယင်းတွင် စိတ်ကျန်းမာရေး၊ အာဟာရနှင့် ကိုယ်လက်လှုပ်ရှားမှုများအဖြစ် ခံစားချက်နှင့် လူမှုတုံ့ပြန်မှုများကိုလည်း သုတေသီ များက မှတ်တမ်းတင်ခဲ့ကြသည်။

၎င်းတို့၏ လေ့လာမှုပြီးဆုံးချိန်တွင် အိမ်မွေးခွေးများရှိသော ကလေးငယ် ၅၇ ရာခိုင်နှုန်းနှင့် အိမ်မွေးခွေးမရှိသော ကလေးငယ်များ ၄၂ ရာခိုင်နှုန်းကျော်၏ အခြေအနေကို သုတေသီများက ပြန်လည်ဆန်းစစ်ခဲ့သည်။

ယင်းတွင် ခွေးများနှင့် အဖော်ပြုနေထိုင်ခဲ့ရသော ကလေးများ အနက် စိုးရိမ်ပူပန်မှုဆိုင်ရာ အန္တရာယ်ရှိသော ကလေးငယ်များ၏ ရာခိုင်နှုန်းမှာ ခွေးများနှင့် မနေထိုင်ခဲ့ရသော ကလေးများထက် သိသာစွာ လျော့နည်းသည်ကို သုတေသီများက တွေ့ရှိခဲ့သည်။

စိုးရိမ်ပူပန်မှုနည်းသော ကလေးငယ်များတွင် ခွေးရှိပြီး အိမ်မွေးခွေးများက ကလေးများကို စိုးရိမ်ပူပန်မှုလျော့နည်းစေခြင်းဖြစ်နိုင် သည်ဟု သုတေသီများက Preventing Chronic Disease ဂျာနယ် ၌ ဖော်ပြထားသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top