iMyanmarHouse.com - Best Property Website for Myanmar
×

ဂီတလောကတွင် ပရိသတ်များ၏ အားပေးမှုရရှိထားသော အဆိုတော်ရဲရင့်အောင် သရုပ်ဆောင်အနေဖြင့် ရိုက်ကူးထားသည့် ဇာတ်ကားများမကြာမီဆက်တိုက်ဆိုသလို ထွက်ရှိလာတော့မည်ဖြစ်သည်။ ထို့ကြောင့်ဗီဒီယိုဇာတ်ကားသုံးကားနှင့် ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ကူးထားသည့် ရဲရင့်အောင်ကို သရုပ်ဆောင်တစ်ဦးအနေဖြင့် လှုပ်ရှားရသည့် ရင်ခုန်မှုအပါအဝင် ၎င်း၏ အနုပညာလုပ်ငန်းများအကြောင်း တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

သရုပ်ဆောင်အနေနဲ့ ရိုက်ထားတဲ့ ဇာတ်ကားတွေ ဖြန့်တော့မှာဆို တော့ အဲဒီဇာတ်ကားတွေအ တွက် ရင်ခုန်မှုဘယ်လိုရှိသလဲ။

ရင်ခုန်ပါတယ်။ သီချင်းကျ တော့ ဘယ်အချိန် ဘယ်လိုကာလ မှာ ဘယ်လောက်ထွက်ထွက် ကိုယ်က ကြိုတင်ခန့်မှန်းထားလို့ရ တယ်။ သရုပ်ဆောင်ထားတဲ့ ဗီဒီ ယိုကားကျတော့ ပရိသတ်ဘယ် လိုဖြစ်သွားမလဲ၊ ဘာတွေက ပရိ သတ်ရင်ကိုငြိစေမလဲ၊ ဘယ်လို ပြန်ပြီး မှတ်ချက်ပေးမလဲဆိုတာ ကို ရင်ခုန်နေပါတယ်။

ပထမဆုံးထွက်မယ့်ကားက ဘယ်ကားဖြစ်မလဲ။ အဲဒီကားထဲမှာ ဘယ်လိုသရုပ်ဆောင်ထားတာ လဲ။

ပထမဆုံးထွက်မယ့် ကား နာမည်က ‘ကြူစီဂိမ်း’ပါ။ ဒါရိုက် တာ ကိုအောင်ဇော်လင်း၊ မင်း သမီးက အိချောပို။ ဒီကားထဲမှာ ကျွန်တော်က ဂိမ်းအရမ်းဆော့တဲ့ သာမန်လူငယ်ကျောင်းသား။ ဇာတ်ကားပုံစံက ဖန်စီဟာသပုံစံ လေးပါ။

အရင်က အမ်တီဗီမှာ သရုပ် ဆောင်ဖူးပေမယ့် ဗီဒီယိုအနေနဲ့ ပထမဆုံးရိုက်တဲ့ဇာတ်ကားမှာ ကျတော့ ဘယ်လိုအခက်အခဲတွေ ရှိခဲ့သလဲ။

အခက်အခဲကတော့ ပြော လို့မဆုံးဘူး။ အများကြီးပါပဲ။ ကျွန်တော့်အတွက် အရမ်းခက်ခဲ တော့ နေ့တိုင်း စိတ်ဓာတ်တွေကျ ဆင်း၊ စိတ်ဆင်းရဲခဲ့ရတယ်။ ဒါပေ မဲ့ တစ်နေ့ရတဲ့အားကိုပြန်ယူပြီး နောက်နေ့မှာ ဒီထက်ကောင်း အောင်ဆိုတဲ့စိတ်နဲ့ သရုပ်ဆောင် ခဲ့ရပါတယ်။ ဗီဒီယိုသုံးကားရိုက် ပြီးတဲ့အပြင် နောက်ဆုံးရိုက်ထား တဲ့ ရုပ်ရှင်ကားအထိ အဲဒီစိတ်နဲ့ သရုပ်ဆောင်ခဲ့ရပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးမှာကော ဘယ်လိုပုံစံသရုပ်ဆောင်ရတာ လဲ။ ရုပ်ရှင်ဆိုတော့ ပိုပြီးဖိအား တွေရှိလား။

‘ငါ့ကိုနမ်းတဲ့ မုန်တိုင်း’က ရှေ့ကားတွေ ရိုက်ရတာထက် သုံးဆလောက်ပိုပြီး ပင်ပန်းပါတယ်။ ရိုက်ရက်တွေလည်း အရမ်းကြာပါ တယ်။ ပြီးတော့ ကျွန်တော်သရုပ် ဆောင်ရတဲ့နေရာကလည်း အ ရှေ့ကရိုက်ခဲ့တဲ့ ဗီဒီယိုကားတွေ မှာ သာမန်ကျောင်းသားပေါ့ပေါ့ ပါးပါးပြဿနာမရှိဘူး။ ဒီကားမှာ က ခပ်ဆိုးဆိုးပုံစံသရုပ်ဆောင်ရ တာတွေရော၊ လုပ်ရတာရော အ ရမ်းများပါတယ်။ အဲဒီတော့ ပိုပြီး ပင်ပန်းပါတယ်။ ကိုယ့်ကိုယ်ကိုယ်မင်းသားစိတ်သွင်းမထားလို့လား တော့ မသိဘူး။ ရုပ်ရှင်မို့လို့ ဖိအားရှိတာတော့ မဟုတ်ဘူး။ ဗီဒီယိုပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ် သရုပ် ဆောင်ရတာပဲ ဖိအားရှိပါတယ်။ ဒါပေမဲ့ ရုပ်ရှင်မို့လို့ ပိုလုပ်လိုက် မယ်ဆိုတဲ့ ဖိအားတော့မရှိပါဘူး။

ပေါ့ပေါ့ပါးပါးဇာတ်ရုပ်တွေ သရုပ်ဆောင်ရသလို ကိုယ်နဲ့အကျွမ်း တဝင်မဟုတ်တဲ့ ဇာတ်ရုပ်တစ်ခု အနေနဲ့ သရုပ်ဆောင်ရမယ်ဆိုရင် ကော ဘယ်လိုအခက်အခဲတွေရှိ မယ်ထင်သလဲ။

အရမ်းဖိအားနဲ့နေရတာပေါ့။ ရှုတင်ရောက်ပြီဆိုတာနဲ့ အဲဒီကာ ရိုက်တာဖြစ်ဖို့ စကားပြောတဲ့ပုံစံ၊ နေတဲ့ပုံစံကအစ ပြောင်းလဲရပါ တယ်။ အရမ်းဖိအားများပါတယ်။

နောက်ထပ်ရုပ်ရှင်ရိုက်ဖို့ကော လက်ခံထားတာ ရှိဦးမလား။

အခုလောလောဆယ်တော့ မရှိဘူး။ သီချင်းတွေဆိုတဲ့ဘက်ကို ပြန်ပြီးလှည့်နေပါတယ်။ ရိုက်ထားတဲ့ကားလေးတွေထွက်ဖို့ပဲ ရှိပါ တယ်။

အဆိုနဲ့ သရုပ်ဆောင် နှစ်ဖက် စလုံးမှာ လုပ်နေတာဆိုတော့ နှစ် ခုစလုံးကို မျှပြီးလုပ်သွားဖို့ ရှိမှာလား။

မျှပြီး လုပ်သွားမယ်လို့ပဲ ပြောရမှာပေါ့။ ဒါပေမဲ့ ကျွန်တော်က အဆိုတော်ဘဝကို ပိုပြီးခုံမင် တဲ့အတွက် သီချင်းကိုတော့ ပိုပြီးအချိန်ပေးဖြစ်မှာပါ။ ပွဲတွေမဆိုဘူး။ အခွေမထွက်ရင်တောင်မှ အိမ်မှာ သီချင်းလုပ်ဖြစ်နေတဲ့သူ တစ်ယောက်ဆိုတော့ သီချင်းကို ပိုပြီးအချိန်ပေးဖြစ်မှာပါ။

အဆိုဘက်ကို ဦးစားပေးချင်ပေ မယ့် သရုပ်ဆောင်တစ်ယောက် အနေနဲ့လည်း အားပေးမှုရရင် ဘယ်လို ရွေးချယ်သွားမလဲ။

သရုပ်ဆောင်တစ်ယောက် အနေနဲ့ ပရိသတ်လက်ခံတယ်ဆို ရင်လည်း သရုပ်ဆောင်နဲ့ပတ် သက်တဲ့ ဇာတ်ကားတွေကို ကျွန် တော့်သီချင်းတွေဖန်တီးသလို ထူးထူးဆန်းဆန်း တစ်ခုခု ထူး ခြားတာ၊ ကွဲပြားတာတွေရိုက်ပြ နိုင်အောင် ကြိုးစားပါမယ်။

‘သဝေထိုးခခွေးယပင့်’ စီးရီးဒီဗီဒီ ကော ဘယ်အဆင့်ရောက်သွားပြီ လဲ။ ရိုက်နေပြီလား။ အဲဒီအခွေအ ကြောင်းလည်း ပြောပေးပါဦး။

ပရိသတ်တွေကတော့ ကျွန် တော့်ကို နည်းနည်းကြာနေတယ် လို့ ပြောပါတယ်။ ဒါပေမဲ့ အမြန် ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် တော့ တင်ဆက်ဖို့ ပြင်ဆင်ထားပါ တယ်။ ကျန်တဲ့အမ်တီဗီကိုလည်း ဆက်ရိုက်တော့မှာပါ။ သုံးပုဒ် တော့ရိုက်ပြီးသွားပါပြီ။ ကျန်တဲ့ အမ်တီဗီတွေကိုလည်း ဒါရိုက်တာ တွေကို အကုန်ပြောပြီးသွားပါပြီ။ ဒီဇင်ဘာလထဲမှာ မအားလို့ ဒီလ ထဲမှာတော့ မရိုက်ဖြစ်သေးဘူး။ ဇန်နဝါရီလောက်မှ စရိုက်မယ်။ သင်္ကြန်မတိုင်ခင် သုံးလပိုင်း လောက်တော့ ထွက်ချင်ပါတယ်။ ဒါပေမဲ့ စကားပြောပြီးသွားရင် နောက်ကျသွားတတ်လို့ အာမ တော့မခံသေးဘူး။

သီချင်းအသစ်တွေကော ထပ်လုပ်ဖြစ်လား။ အွန်လိုင်းကကော ဖြန့် ဖို့ရှိဦးမလား။

အွန်လိုင်းကနေ သီချင်းအ သစ်တွေလည်း ဖြန့်ဖို့အစီအစဉ်ရှိ ပါတယ်။ ဒါပေမဲ့ ဘယ်လိုသီချင်း မျိုးပေးရင်ကောင်းမလဲဆိုပြီး အခု အချိန်ထိတော့ ရွေးနေတုန်းပါပဲ။ သီချင်းအသစ်တွေရှိသလို အွန် လိုင်းကလည်း ဖြန့်ဖို့ရှိပါတယ်။ တစ်ကိုယ်တော်အခွေထဲမှာ Bonus အနေနဲ့ ထည့်ပေးမယ့် သီချင်းအသစ်တစ်ပုဒ်ကို တစ်လ ပိုင်းနောက်ပိုင်းလောက်မှာ အွန် လိုင်းကနေ ရောင်းပေးမှာပါ။

အနုပညာရှင်တစ်ယောက်အနေ နဲ့ ဝေဖန်မှုတွေခံရတာပဲဆိုတော့ ဝေဖန်မှုတွေအပေါ်မှာကော ဘယ်လိုတုံ့ပြန်ဖြစ်သလဲ။

ဝေဖန်မှုနဲ့ပတ်သက်ပြီး အ ရင်တုန်းကလောက် မခံစားရတာ အမှန်ပဲ။ ဒါပေမဲ့ ဥပမာ ရဲရင့် အောင် သီချင်းဆိုတာ ဒီနေရာမှာ ဆိုထားတာ ဘယ်လိုဖြစ်နေတယ်၊ မကောင်းဘူးဆိုတာကတော့ ယူရမယ့် အရာ၊ သူမကောင်းဘူးမြင် လို့၊ အဲဒါကလည်း တကယ် မကောင်းတာဖြစ်ကောင်းဖြစ်နိုင် တယ်။ အဲဒါကတော့ ကျွန်တော့် ဘက်က ပြင်ရတော့မှာ။ အဲဒီလို ဝေဖန်မှုကတော့ အေးဆေးပါပဲ။ ဒါမှမဟုတ်  ဘာမှန်းမသိတဲ့ဟာ တွေကတော့ ခေါင်းထဲမထည့်တော့ပါဘူး။

အဆိုတော်တစ်ယောက်အနေနဲ့ တင်မဟုတ်ဘဲ သရုပ်ဆောင်တစ် ယောက်အနေနဲ့ပါ ပရိသတ်ရှေ့ ကို ထွက်တော့မှာဆိုတော့ ရဲရင့် အောင်ရဲ့ ပရိသတ်တွေကို ဘာ ပြောချင်သလဲ။

ကျွန်တော်အမြဲတမ်းပြောပါ တယ်။ ကျွန်တော်မသိတာ၊ မတတ်တာတွေများပါတယ်။ အဲဒီအ တွက် အမြဲတမ်းလေ့လာနေပါ တယ်။ ဂီတနဲ့ပတ်သက်ပြီး အမြဲ တမ်းလေ့လာဖြစ်ပေမယ့် ကျွန် တော်ညံ့လို့သာ အဆင်မပြေတာ  ရှိကောင်းရှိနိုင်ပေမယ့် သူများ တွေထက် အများကြီးပိုပြီးကြိုးစား ပါတယ်။ အားပေးကြပါလို့ပဲ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top