iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီး ဂန်ဒုံဝမ်၊ လီ ဗြောင်ဟွန်းနှင့် ကင်ဝူဘင်းတို့ သည် Master ရုပ်ရှင်ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်မည်ဟု အတည်ပြုသည်။

Master ရုပ်ရှင်ဇာတ်ကား သည် လိမ်လည်မှုကြီးတစ်ခုကို ဖော်ထုတ်သည့် မှုခင်းအက်ရှင် ဇာတ်ကားဖြစ်သည်။ ယင်းဇာတ် ကားတွင် ဂန်ဒုံဝမ်က ရာဇဝတ်မှု စုံစမ်းရေးအဖွဲ့ခေါင်းဆောင် ကင် ဂျယ်မြောင်အဖြစ် သရုပ်ဆောင် မည်ဖြစ်သည်။ ကင်ဂျယ်မြောင် သည် ရဲရင့်ပြတ်သားပြီး တန်ခိုး သြဇာကြီးသော ဝါရင့်စုံထောက် တစ်ဦးဖြစ်သည်။ ဂန်ဒုံဝမ်အတွက် ယခုဇာတ်ကားမှာ စုံထောက်တစ် ဦးအဖြစ် ပထမဆုံးအကြိမ် သရုပ် ဆောင်ရမည့် ဇာတ်ကားဖြစ် သည်။

လီဗြောင်ဟွန်းသည် One ဟုခေါ်သော လူလိမ်အဖွဲ့ကြီး၏ ဥက္ကဋ္ဌဂျင်အဖြစ် သရုပ်ဆောင် မည်ဖြစ်သည်။ ကင်ဝူဘင်းက One အဖွဲ့မှ ပညာရှင်ပတ်ဂျန်ဂန် အဖြစ် သရုပ်ဆောင်မည်ဖြစ်သည်။

Master ဇာတ်ကားကို ၂၀၁၆ ပထမနှစ်ဝက်တွင် စတင် ရိုက်ကူးမည်ဖြစ်သည်။

Credit :7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top