iMyanmarHouse.com - Best Property Website for Myanmar
×










နွားနို့ဟာ တစ်ခုတည်းသော ကယ်လ်ဆီယမ်ဓာတ် အရင်းမြစ်လို့ အရိုးစွဲယုံကြည်လျက် ကျွန်ုပ်တို့ကြီးပြင်းခဲ့ကြပါတယ်။ မိမိက နွားနို့ကြိုက်တတ်သူဆိုရင် ပြသနာ မဟုတ်ပါ။ မကြိုက်ဘူးဆိုရင်တော့ အခက်ဖြစ်နေပါလိမ့်မယ်။

ပထမဦးဆုံး ကယ်လ်ဆီယမ်ဓာတ် လိုအပ်ချက်ဖြည့်တင်းဖို့ နွားနို့ဆိုင်တွေ သွားစရာ မလိုတော့ဘူးပေါ့။ ဒုတိယ အချက်အနေနဲ့ နွားနို့သည်သာ ကယ်လ်ဆီယမ်ဓာတ် အရင်းမြစ်ဆိုတာလည်း မဟုတ်တော့ပါဘူး။ မိမိခန္ဓာကိုယ် အတွက် ကယ်လ်ဆီယမ်ဓာတ် ပမာဏ အလုံလောက်ပေးနိုင်တဲ့ အခြားအာဟာရပြည့်ဝအစားအစာတွေရှိပါတယ်။

နှမ်းစေ့လှော်
နှမ်းစေ့လှော် (၁) အောင်စက ကယ်လ်ဆီယမ် ၂၇၇ မီလီဂရမ် ရရှိစေတယ်။

ပဲပုပ်ပဲပင်ပေါက်
ဒီပဲပင်ပေါက် ခွက်တစ်ပိုင်းစားခြင်းဖြင့် ကယ်လ်ဆီယမ်ဓာတ် ၂၃၀ မီလီဂရမ်ရရှိစေတယ်။

ဆာမွန်ငါး
ကြီးရင့်နေပြီးဖြစ်တဲ့ ဆာမွန်ငါးက ၂၁၂ မီလီဂရမ်ပေးနိုင်ပါတယ်။

တိုဟူး
နေ့တိုင်း တိုဟူးခွက်တစ်ပိုင်းက စားပြီး ကယ်လ်ဆီယမ် ၂၅၃ မီလီဂရမ် ရယူပါ။

ကိုက်လန်
ကယ်လ်ဆီယမ်ပမာဏ ၁၈၈ မီလီဂရမ်ကို ကိုက်လန် (၂) ခွက်မှ ရရှိပါတယ်။

မက်မွန်သီး
တခြားအရာများကဲ့သို့ ကယ်လ်ဆီယမ်ဓာတ်ပမာဏများများ စားစားမပေးနိုင်ပေးမယ့်  မက်မွန်သီး လက်တစ်ဆုပ်စာက ခန့်မှန်းခြေ ကယ်လ်ဆီယမ်ဓာတ် ၇၂ မီလီဂရမ် ရရှိစေပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top