iMyanmarHouse.com - Best Property Website for Myanmar
×














အမေရိကန်နိုင်ငံတွင် ပြုလုပ်မည့် မယ်စကြ၀ဠာ ၂၀၁၅ ပြိုင်ပွဲ၏ အမျိုးသားဝတ်စုံကဏ္ဍ၌ ကယန်းလူမျိုးများ၏၀တ်စုံဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် အဖြစ် သွားရောက်ယှဉ်ပြိုင်မည့် မေဘရဏီသော်က ပြောကြား သည်။

‘‘National Costume ကို Queen of Kayan လို့ နာမည်ပေး ထားတာပါ။ ဒီဇိုင်နာက နောင် လာမယ့်နှစ်ပေါင်း တစ်ရာ့ငါး ဆယ်မှာ ကယန်းလူမျိုးတွေရဲ့ ၀တ်စားဆင်ယင်မှုကို စိတ်ကူးပြီး ဖန်တီးပေးထားတာပါ။ ဒါပေမဲ့ လည်း ၀တ်စုံလေးက ကယန်းလူ မျိုးတွေရဲ့ ၀တ်စုံကိုသွေဖည်သွား တာမဟုတ်တဲ့အတွက် အရမ်း သဘောကျပါတယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါဝတ်စုံကို ဒီဇိုင်နာ မင်းသက်စံက ဖန်တီးပေးထားပြီး ကြေးထည်၊ ကျောက်စိမ်း၊ မြန်မာ နိုင်ငံ မြေပုံလေးများကို စီးကွင့်ထိုး ထားသော အပေါ်အင်္ကျီ၊ရွှေအစစ် ချထားသော ဘင်ဂျို၊ ရွှေစီးကွင့် များနှင့် တီထွင်ထုံးဖွဲ့ထားသော ဆံထုံး၊ ဆံပင်နှင့် ဆံထိုးနှင့်ပန်းကို ကျောက်စိမ်းနှင့်မဟူရာ တွဲဖက် တီထွင်ပေးထားကြောင်း ဒီဇိုင်နာ ၏ ဖန်ပေ့ခ်ျစာမျက်နှာ၌ ရေးသား ထားသည်။

‘‘ညီမရဲ့ ပေ့ခ်ျမှာ ကယန်းလူ မျိုးတွေက သဘောကျတယ်လို့ စာတွေရေးတယ်။ ကယန်းလူမျိုး ရဲ့ဝတ်စုံကို ကမ္ဘာ့အလယ်မှာ ချ ပြတဲ့အတွက်လည်း ၀မ်းသာ ကြောင်း ပြောကြပါတယ်။ ညီမ အတွက်လည်း အရမ်းတာဝန်ကြီး ပါတယ်’’ဟု ယင်းဝတ်စုံနှင့် ပါဝင် ယှဉ်ပြိုင်မှုအပေါ် မေဘရဏီ သော်က ပြောသည်။

Miss Universe 2015 ပြိုင် ပွဲကို ဒီဇင်ဘာ ၂၀ရက်တွင် အမေ ရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မြို့၌ ပြု လုပ်မည်ဖြစ်ပြီး စခန်းသွင်းလေ့ ကျင့်မှုများပြုလုပ်ရန် မေဘရဏီ သည်။   ဒီဇင်ဘာ ၁ ရက်တွင် အမေရိကန်နိုင်ငံသို့ ထွက်ခွာသွား ပြီဖြစ်သည်။

မေဘရဏီသော်သည် ပြီးခဲ့ သည့်နှစ်က Miss International 2014 ပြိုင်ပွဲတွင်လည်း မြန်မာ နိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ဖူးပြီး Miss Universe 2015 ပြိုင်ပွဲသည် မေ ဘရဏီသော်အတွက်  ကမ္ဘာ့ အလှမယ်ပြိုင်ပွဲကြီးများ၌ ဒုတိယ အကြိမ်သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

‘‘အရင်ပြိုင်ပွဲထက်စာရင် အားရကျေနပ်မှုရှိပါတယ်။ ကိုယ့် ကိုယ်ကိုယ်လည်း ယုံကြည်မှုအ ပြည့်ရှိလာပါတယ်’’ဟု မေဘရ ဏီသော်က ပြောသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top