iMyanmarHouse.com - Best Property Website for Myanmar
×

သင့်ရဲ့မှတ်ဥာဏ်က ဘယ်လောက်ကောင်းနေလဲ။ သင်ဟာ ပစ္စည်းထားတဲ့နေရာ၊ အခြားသူတွေရဲ့နာမည် သို့မဟုတ် အခြားအလုပ်ကိစ္စနဲ့ ပတ်သက်နေတဲ့ အချက်အလက်တွေ မေ့တတ်တဲ့အကျင့်တွေ ရှိတယ် ဆိုရင်တော့ အခုဖော်ပြမယ့် အကြံပေးချက်လေးတွေကို စမ်းသပ်ရင်း သင့်ရဲ့မှတ်ဥာဏ်တွေကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါတယ်။

၁။ စိတ်ပိုင်းဆိုင်ရာ အမြဲတမ်းတက်ကြွအောင် ကြိုးစားပါ။
သင့်ရဲ့ဦးနှောက်ဟာ သင့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဆိုတာ မမေ့ပါနဲ့။ အမြဲတမ်း တိုးတက်လှုပ်ရှားနေဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် သတင်းစာဖတ်ခြင်း၊ ဥာဏ်စမ်းဂိမ်းတွေကစားခြင်း အစရှိတဲ့ ဦးနှောက်အသုံးချပြီး လုပ်ဆောင်ရတဲ့ အလုပ်မျိုးတွေကို ရွေးချယ်ပြီး စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုတွေကို ရယူနိုင်ပါတယ်။

၂။ ဝါသနာပါတဲ့ အလုပ်အကြောင်းကို အဖော်တွေနဲ့ ဆွေးနွေးပါ။
ကိုယ်ဝါသနာပါ၊ စိတ်ဝင်စားတဲ့ကိစ္စ၊ လုပ်ငန်းတွေအကြောင်း အဖော်တွေနဲ့ စကားဖောင်ဖွဲ့တာဟာ ဖိအားတွေ ပင်ပန်းတာတွေ လျော့ကျစေနိုင်ပါတယ်။ သင့်ရဲ့မှတ်ဥာဏ်မကောင်းတဲ့ အကျင့်တွေကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် သင့်ကို ညစာစားပွဲ၊ ပါတီပွဲစတဲ့ လူအများနဲ့ ပျော်ပါးတဲ့နေရာတွေကို သွားပါ။ ပြီးတော့ ဝါသနာချင်းတူတဲ့ သူငယ်ချင်းတွေနဲ့ စကားဖောင်ဖွဲ့ပါ။

၎။ သင့်ကိုသင် စီမံပါ။
သင်ပြုလုပ်ရမယ့် တာဝန်တွေများလာတယ် ဆိုရင်တော့ ပြက္ခဒိန်မှာ အတိအကျ အချိန်နဲ့ လုပ်ရမယ့် အရာတွေကို မှတ်သားထားပါ။ အဲလိုလုပ်ခြင်းကနေ သင်မေ့လျော့သွားနိုင်တဲ့ အခြေအနေကို ထိန်းချုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

၅။ အာရုံစိုက်နိုင်အောင် ကြိုးစားပါ။
သင့်အနေနဲ့ အလုပ်အများကြီးကို တပြိုင်တည်းပြုလုပ်ဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ လိုအပ်တဲ့အချက်တွေကို မှတ်မိနိုင်အောင် ကြိုးစားပါ။ ၄င်းက ပြန်ပြီးအစဖော်တဲ့ နေရာမှာ ကူညီပေးမှာဖြစ်ပါတယ်။

၆။ နေ့တိုင်းကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပြုလုပ်ပါ။
ပုံမှန် နေ့စဉ်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်နှုန်း ကောင်းမွန်စေသလို သင့်ဦးနှောက်လည်းပဲ အကျိုးသက်ရောက်စေပါတယ်။ ပြီးတော့ မှတ်ညဏ်ပိုပြီး ထက်မြတ်စေပါတယ်။

၇။ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးပါ။
ကျန်းမာစွာနေထိုင်ခြင်းဟာလည်းပဲ မှတ်ညဏ်ကောင်းလာစေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ အဲဒါကြောင့် ကျန်းမာရေးကောင်းမွန်စေတဲ့ အစားအသောက်တွေ ဥပမာ- ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ပဲအမျိုးမျိုး၊ အဆီနည်းတဲ့ အသားငါး တွေကို ပိုပြီးသုံးဆောင်သင့်ပါတယ်။

၈။ ရောဂါဝေဒနာများကို ဂရုစိုက်ပါ။
ကိုယ့်ရဲ့ခံစားနေရတဲ့ ဝေဒနာရောဂါတွေကို ဆရာဝန်နဲ့ ကောင်းကောင်းမွန်မွန် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ လူတွေဟာကျန်းမာရေးကောင်းမှပဲ ဖိအားတွေ လျော့နည်းလာမယ် ပြီးတော့ မှတ်ညဏ်တွေလည်း ကောင်းမွန်လာမှာဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top