iMyanmarHouse.com - Best Property Website for Myanmar
×









မိဘများ အများစုရင်ဆိုင်နေရသော အခက်ခဲဆုံးပြဿနာ များအနက် တစ်ခုမှာ ၎င်းတို့၏ ကလေးငယ်များ ကျန်းမာရေးနှင့် အညီ စားသောက်စေရန် လုပ်ဆောင်ရခြင်းပင်ဖြစ်သည်။သင်၏ ကလေးငယ်များ ကျန်းမာရေးနှင့်အညီ စားသောက်စေ ရန်နှင့် ကျန်းမာရေးနှင့်ညီသော ကိုယ်အလေးချိန်ကို ထိန်းထားရန် တိုက်တွန်းရာတွင် အထောက်အကူဖြစ်စေနိုင်သည့် ဆရာဝန်များ၏ လမ်းညွှန်ချက်များကို ဖော်ပြပေးလိုက်ပါသည်။

မိသားစုတစ်ခုလုံး ကြိုက်နှစ်သက်မည့် အစားအစာများကို ရှာဖွေချက်ပြုတ်ပါ။ ဇီဇာကြောင်သူများ ရှောင်ရှားလေ့ရှိသော အစားအစာတစ်မျိုး(သို့မဟုတ်) နှစ်မျိုးကို ထည့်သွင်းချက်ပြုတ်ပါ။ အဆိုပါ ဟင်းထဲတွင် ၎င်းတို့ မစားလိုသော အစားအစာများ ပါဝင်နေသည် ကို မသိဘဲနှင့် စားသောက်ကြပါလိမ့်မည်။

သင့်၏ ကလေးငယ်ကို အစားအစာနည်းနည်းပါးချင်းစီကျွေး ပါ။ အစားအသောက်ဖြုန်းတီးမှု မဖြစ်စေရန် အထောက်အကူဖြစ် ပါလိမ့်မည်။ သင့်ကလေးငယ်၏ ဟင်းကြေးမများသော သူငယ်ချင်းတစ်ယောက်ကို ဖိတ်ခေါ်၍ အတူစားသောက်ခိုင်းပါက အစားအ သောက်ကောင်းစွာ စားသောက်ပါလိမ့်မည်။

ဦးလေး(သို့) မိတ်ဆွေတစ်ဦးကဲ့သို့ ကလေးငယ်သဘောကျ သည့် အရွယ်ရောက်ပြီး သူတစ်ဦးကို ညစာစားရန် ဖိတ်ခေါ်ပါ။ အ ခြားတစ်ယောက်ယောက်နှင့်အတူ စားသောက်ပါက သင့်ကလေး ငယ်ကြေးမများဘဲ စားသောက်ပါလိမ့်မည်။

ကလေးမကြိုက်သော အစားအစာကို အတင်းအကျပ် မစား ခိုင်းပါနှင့်။ အကယ်၍ ကလေးက အစားအစာများနှင့် ဆော့ကစား နေပါက တိတ်တဆိတ်ဖယ်ရှားပစ်လိုက်ပါ။ အစားအစာစားချိန်ကို စားသောက်လိုသောအချိန်တွင် ကျွေးမွေးရန် လုပ်ဆောင်ပါ။ မုန့်ပဲ သရေစာနှင့် ဖျော်ရည်များကို အစားအစာစားချိန်များကြား စား သောက်ခြင်းကို ကန့်သတ်ထိန်းချုပ်ပါ။ ယင်းသို့ ထိန်းချုပ်ထားပါ က အစားအစာစားချိန် ရောက်လာလျှင် သင်၏ကလေးငယ် ပို၍ ဗိုက်ဆာနေပေလိမ့်မည်။

အစာစားပြီးနောက် သစ်သီးဖျော်ရည်(သို့မဟုတ်) ရေတိုက်ပါ က ၎င်းတို့၏ အစာစားလို စိတ်ထိခိုက်မည်မဟုတ်ပါ။
ကလေးငယ်ဗိုက်ဆာနေပြီဟု သင်သိချိန်တွင် အစားအစာ အသစ်တစ်ခုခုကျွေးပါက အရသာအသစ်များကို ကလေးငယ်များ ပို၍ လက်ခံစားသောက်တတ်သည်။ ကလေးကြိုက်နှစ်သက်သော အစားအစာ အနည်းဆုံးတစ်ခုထည့်၍ ကျွေးပါ။

မိသားစုတစ်စုလုံး တစ်ဝိုင်းတည်းတွင် အတူစားသောက်နိုင်ရန် ဆောင်ရွက်ပါ။ အစားအစာအတွက် နို့ကို အစားထိုးမသောက် ခိုင်းပါနှင့်။ ယင်းမှာ ကောင်းသော အလေ့အထတစ်ခု မဟုတ်သဖြင့် ရှောင်ရှားသင့်သည်။

အစားအသောက်ပြင်ဆင်ချိန်တွင် မိသားစုတစ်ခုလုံး ပါဝင် လုပ်ဆောင်သည့် အလေ့အထရှိအောင် ဆောင်ရွက်ပါ။ သွေးတိုး ရောဂါမရှိသော ကလေးငယ်များအတွက် ဟင်းချက်ရာတွင် သာမန် သုံးနေကျ ဆားပမာဏကို လျှော့ရန် မလိုပါ။ အသင့်စားနိုင်သော အစားအစာများနှင့် အချည်ရည်(Sauce)များ စားသောက်ခြင်းကို သာ ထိန်းချုပ်ပါ။

ကလေးများအတွက် စံပြဖြစ်စေရန် မိဘများကိုယ်တိုင်ကျန်း မာရေးနှင့် ညီသော အစားအစာများ စားသောက်ရန် လိုအပ်သည်။ ရုပ်မြင်သံကြားကြည့်ချိန်နှင့် ဂိမ်းကစားချိန်များ လျော့ပါးစေရန် မိသားစုလိုက် လမ်းလျှောက်ထွက်ခြင်း၊ တောင်တက်ခြင်း အလေ့အထများရှိရန် လိုသည်။  

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top