iMyanmarHouse.com - Best Property Website for Myanmar
×

ညသန်းခေါင် အချိန်မှာ အစာပြေ သရေစာ များ စားသောက်ခြင်း ဟာ သင့်ရဲ့  ဦးနှောက်မှတ်ဥာဏ်ကို ထိခိုက်စေနိုင်တယ်လို့ လေ့လာမှု တစ်ခုက ဖော်ပြလိုက်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အိပ်မောကျနေချိန်မှာ အစေချေဖျက်မှု လုပ်ငန်းစဉ်ကို ဆောင်ရွက်စေခြင်းဟာ ဦးနှောက်ရဲ့ မှတ်ဥာဏ်တွေကို ဖြစ်ပေါ်စေတဲ့ အစိတ်အပိုင်းဖြစ်တဲ့ Hippocampus ကို ထိခိုက်စေနိုင်လို့ပဲ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ ဒီ သီအိုရီကို ကြွက်တွေနဲ့ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

ကြွက်တွေ ရဲ့  သာမန် အိပ်စက်ချိန်မှာ အစာကြွေးလိုက်တဲ့အခါမှာ သူတို့ဟာ မှတ်ဥာဏ်တွေ ပြန်လည်ရယူဖို့ ခက်ခဲခဲ့တာကိုတွေ့  ရပြီး သူတို့ရဲ့  ရေရှည် မှတ်ဥာဏ်မှာလည်း သက်ရောက်မှုတွေရှိလာတာကို သုတေသီတွေက ရှာဖွေတွေ့ ရှိခဲ့ကြပါတယ်။ အရင်ကတည်းက ရှာဖွေတွေ့ရှိထားတဲ့ အချက်အလက်တွေမှာလည်း ကျွန်ုပ်တို့ရဲ့  အိပ်ချိန်တွေမှာ အစာစားခြင်းဟာ သွေးအတွင်း သကြားဓါတ် ပမာဏ များပြားလာစေခြင်းနဲ့ အတူ ဆီးချို ၊ သွေးချို နဲ့ နှလုံးရောဂါ တွေကိုဖြစ်စေနိုင်တယ်လို့ သိရှိထားပြီးသားဖြစ်ပါတယ်။

အခုတစ်ခေါက်မှာတော့ လော့အိန်ဂျလိစ်မြို့ မှာရှိတဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်က သုတေသီတွေဟာ အိပ်ချိန်မှာ အစာစားခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သက်ရောက်မှု ရှိနိုင်လားဆိုတာကို လေ့လာခဲ့ကြတာပါ။

e-Life ဆိုတဲ့ဂျာနယ်မှာ ရေးသားထားတာကတော့ သုတေသီတွေဟာ ဒီ သီိအိုရီအတွက် မှန်ကန်ကြောင်း အခိုင်အမာဆိုနိုင်ခဲပါတယ်။ သုတေသန မှာပါဝင်တဲ့ ကြွက်တွေဟာ အိပ်ချိန်မှာ အစာစားတဲ့အခါ ခန္ဓာကိုယ်အတွင်းပိုင်း အချိန်စက်ဝိုင်းအတွက် အရေးပါပြီး ဦးနှောက်ရဲ့ မှတ်ဥာဏ် တွေကို ဖြစ်ပေါ်စေနိုင်စွမ်းရှိတဲ့ CREB ဆို တဲ့ ပရိတိန်း ပမာဏလည်း လျော့နည်းသွားတာကြောင့်ပဲ ဖြစ်ပါတယ်။

Credit : သစ်ထူးလွင်

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top