iMyanmarHouse.com - Best Property Website for Myanmar
×

အခုမှ ကြောင်ကို စမွေးမယ့် လောလောလတ်လတ်ကြောင်သခင်တွေအတွက် ယူကေနိုင်ငံရဲ့ အထင်ကရဖြစ်တဲ့ ကြောင် ပြုစုစောင့်ရှောက်ရေး အသင်း Cat's Protection က ကြောင်နဲ့ စိမ်းနေသူတွေအတွက် အထောက်အကူဖြစ်စေမယ့် အချက် (၅) ချက် တင်ဆက်ပေးထားပါတယ်။

အစားအစာ
ကြောင်တွေကို အသားဖြင့် အဓိကထုတ်လုပ်တဲ့ အစားအစာကို ကျွေးသင့်ပါတယ်။ သူတို့ကို သက်သတ်လွတ်ချည်း ကျွေးလို့ မရပါဘူး။ ဈေးဆိုင်တွေမှာ ကြောင်စာ အမျိုးအစား စုံစုံလင်လင် ရှိကြပေမယ့် အဲဒီအနက် အဓိက ရွေးချယ်ရမယ့် အမျိုးအစား (၂) ခု ရှိပါတယ်။ အစိုနဲ့ အခြောက်ပါ။

ရေ
အများအားဖြင့် ကြောင်တွေက တစ်နေ့တစ်နေ့ ရေ အများကြီး မသောက်ပါဘူး။ ဒါပေမယ့် သန့်ရှင်းလတ်ဆတ်တဲ့ သောက်သုံးရေ (ရေချို) ကို ရရှိနိုင်အောင်တော့ အမြဲစီစဉ်ပေးပါ။ ကြောင်တွေ အစာနဲ့ ရေကို တစ်နေရာတည်း မစားသောက် လိုတဲ့အတွက် သီးခြားတစ်နေရာစီမှာ စီမံရေးရပါမယ်။

ကစားခြင်း
ကြောင်ကို အရုပ်တွေနဲ့ အပျင်းပြေ ကစားစေခြင်းက ပျော်ရွှင်မှု ရရှိစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ရစေပြီး မိမိကြောင်နဲ့ သံယောဇဉ်ကို ပိုမို ခိုင်မြဲစေပါတယ်။ သင်ပါ ပါဝင်ရင် ကစားရတာ ပျော်ရွှင်မှု ပိုဖြစ်စေပါတယ်။

တိရိစ္ဆာန် ဆေးကုဆရာဝန် ရှာပါ
မိမိကြောင်ကို တိရိစ္ဆာန် ဆေးကုဆရာဝန်နဲ့ အမြန်ဆုံး စာရင်းသွင်းဖို့ လိုပါလိမ့်မယ်။ မိတ်ဆွေတစ်ယောက်ယောက်ဆီ သို့မဟုတ် အိမ်နီးနားချင်းဆီမှ အကြံပြုချက်က အရေးကြီးပါတယ်။ ဒါမှမဟုတ် ရွေးချယ်မှုမလုပ်ခင် ဖုန်းအရင်ဆက် သို့မဟုတ် အရင်ဆုံး ခဏတဖြုတ် ဝင်လေ့လာနိုင်ပါတယ်။

အိမ်သာသွားပုံ လေ့ကျင့်သင်ကြားပေးခြင်း
သန့်ရှင်းတဲ့ သတ္တဝါတွေဖြစ်တဲ့ ကြောင်တွေဟာ ညစ်ပတ်ပေရေနေတဲ့ ဗန်းတွေ မသုံးလိုကြပါ။ ဒီတော့ အညစ်အကြေးစွန့် ခွက်ကို အနည်းဆုံး တစ်ရက်တစ်ခါ သန့်ရှင်းရေး လုပ်ပေးရပါလိမ့်မယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top