iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယားနာမည် ကျော်မိန်းကလေးအဆိုရှင်များ အဖွဲ့တစ်ဖွဲ့ဖြစ်သော Girls' Ge- neration မှအဖွဲ့ဝင်ဟောင်း ဂျက် ဆီကာက တေးအယ်လ်ဘမ်သစ်ထွက်ရှိရန်ပြင်ဆင်နေသည်ဟု ဖက်ရှင်မဂ္ဂဇင်း HIGH CUT နှင့် အင်တာဗျူးတွင်ပြောသည်။

ပရိသတ်များဖတ်ရှုနိုင်ရန် ဂျက်ဆီကာ၏အင်တာဗျူးတစ် စိတ်တစ်ပိုင်းကို ဒီဇင်ဘာ ၃ ရက် တွင်ဖော်ပြခဲ့သည်။ ‘‘ကျွန်မ အခု လက်ရှိမှာ တေးအယ်လ်ဘမ်သစ် ထွက်ရှိဖို့ပြင်ဆင်နေပါတယ်။ ကျွန်မကို အချိန်အတော်ကြာ စောင့်မျှော်နေတဲ့ပရိသတ်တွေကို လက်ဆောင်လေးပေးချင်လို့ပါ။ အဲဒီအတွက် ကျွန်မအရမ်းကို စိတ်လှုပ်ရှားနေပါတယ်’’ဟု ဂျက် ဆီကာကပြောသည်။

အဆိုတော်ဂျက်ဆီကာ သည် ပြီးခဲ့သည့်နှစ်စက်တင်ဘာ တွင် Girls' Generation ကေ ပေါ့ပ်အဖွဲ့မှ ထုတ်ပယ်ခြင်းခံခဲ့ရ ပြီးနောက် ဖက်ရှင်လုပ်ငန်းကို အဓိကအာရုံစိုက်လုပ်ကိုင်ခဲ့သည်။‘‘ကျွန်မ ဖျော်ဖြေရေးလောကက ထွက်လိုက်ပြီလို့  တစ်ခါမှမပြော ဖူးပါဘူး’’ဟု ဂျက်ဆီကာကဆိုသည်။ ဂျက်ဆီကာ၏ညီမခရစ္စတယ် သည်လည်းနာမည်ကျော် ကေ ပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်သော f(x)အဖွဲ့မှအဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ၎င်းတို့ညီအစ်မသည် လုပ်ငန်းများ၌ အပြန်အလှန်အားပေး ကူညီကြသည်ဟု ဂျက်ဆီကာကပြော သည်။ ခရစ္စတယ်ထံမှ ဖက်ရှင်အကြံဉာဏ်များရသည်ဟုလည်း ဂျက်ဆီကာကဆိုထားသည်။ ဂျက်ဆီကာ၏ အင်တာဗျူး အပြည့်အစုံကို HIGH CUT မဂ္ဂဇင်းအတွဲအမှတ် ၁၆၃ တွင် ဖတ်ရှုနိုင်မည်ဖြစ်သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top