iMyanmarHouse.com - Best Property Website for Myanmar
×

မကြာသေးမီက ထွက်ပေါ်လာတဲ့ဗီဒီယိုတစ်ခုမှာ 30 Seconds to Mars အဆိုတော် Jared Leto ဟာ Taylor Swift ရဲ့ ဂီတကို ရင့်ရင့်သီးသီးဝေဖန်ခဲ့ပြီးနောက် Taylor Swift ပရိတ်သတ် ‘Swifties’ တို့ ရဲ့ ဝေဖန်တုံ့ ပြန်မှု တွေကို ရင်ဆိုင်ခဲ့ရပါတယ်။

Swifties တို့ ရဲ့ ဝေဖန်ချက်တွေကို ခံရအပြီးမှာ Jared Leto ဟာ Taylor Swift ကို Twitter ကနေ တဆင့် တရားဝင်တောင်းပန်ခဲ့ပါတယ်။ TMZ သတင်းဝက်ဘ်ဆိုဒ်က တင်ခဲ့တဲ့ အဆိုပါဗီဒီယိုမှာ Jared Leto နဲ့ 30 Seconds to Mars အဖွဲ့ သားတွေဟာ  သူတို့ ရဲ့ နောက်အယ်ဘမ်အတွက် စိတ်ကူးစိတ်သန်းယူဖို့ အတွက် Taylor ရဲ့ 1989 အယ်ဘမ်ကို နားထောင်နေတာကို မြင်တွေ့ ရပြီး သီချင်းအပုဒ်ရေအချို့ နားထောင်ပြီးမှာတော့ Jared က “ F*** her. I don’t give a f*** about her” လို့ ရင့်ရင့်သီးသီး ပြောခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ အဆိုတော် တဖြစ်လဲ သရုပ်ဆောင် Jared Leto ဟာ သူ့ ရဲ့ စကားအတွက် အခုလို Twiitter ကနေ ပြန်တောင်းပန်ခဲ့ပါတယ်။

“ တကယ်တမ်းတော့ @taylorswift13 က တကယ်မိုက်တယ်လို့ ကျွန်တော် ထင်ပါတယ်။ နောက် အယ်ဘမ်အတွက်လည်း တကယ့်စံနမူနာပါပဲ။ သူမနဲ့ သူမရဲ့ပရိတ်သတ်တွေကို ထိခိုက်စေမိသလို ဖြစ်သွားရင် အနူးအညွတ်တောင်းပန်ပါတယ်” အော်စကာဆုရသရုပ်ဆောင် Jared Leto ရဲ့ ပရိတ်သတ်တွေဘက်က ဒီကိစ္စနဲ့ ပတ်သတ်လို့ Jared ကို အပြည့်အ၀ထောက်ခံသူတွေရှိခဲ့သလို Jared အနေနဲ့တောင်းပန်စရာ မလိုဘူးလို့ ပြောဆိုနေကြပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top