iMyanmarHouse.com - Best Property Website for Myanmar
×

ကမ္ဘာကျော် အဆိုတော် Miley Cyrus (မိုင်လီဆိုင်ရပ်စ်) နှင့် သြစတြေးလျမင်းသား Liam Hemsworth (လီယမ်ဟမ်းစ်ဝါ့သ်) တို့ ပြန်တွဲနေကြသည်ဟု ယူဆရကြောင်း သတင်းများ ထွက်ပေါ်လာလျက်ရှိသည်။

၎င်းတို့နှစ်ဦးမှာ ၂၀၁၀ တွင် “The Last Song” ကို ရိုက်ကူးရင်း တွေ့ခဲ့ကြခြင်းဖြစ်ကာ ၂၀၁၂ ခုနှစ်တွင် စေ့စပ်ခဲ့ကြသည်။ သို့ရာတွင် ၂၀၁၃ ခုနှစ် စက်တင်ဘာတွင် ၄င်းတို့နှစ်ဦး လမ်းခွဲခဲ့ကြသည်။

ထိုကဲ့သို့ လမ်းခွဲခဲ့ကြသော်လည်း အနုပညာကြယ်ပွင့် နှစ်ဦးသည် အင်တာဗျူးများတွင် တစ်ယောက်အကြောင်း တစ်ယောက် အကောင်းသာ ပြောခဲ့ကြသည်။

စုံတွဲဟောင်း နှစ်ဦးသည် စနေနေ့က သြစတြေးလျနိုင်ငံ Byron Bay ရှိ Falls ဂီတပွဲတော်တွင် ပြန်လည် ဆုံစည်းခဲ့ကြခြင်း ဖြစ်ကြောင်း နှင့် ၄င်းတို့နှစ်ဦး ပွေ့ဖက်ကာ အနမ်းဖလှယ်နေကြသည်ကို တွေ့မြင်ခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

VIP များအတွက် နေရာတွင် ၄င်းတို့နှစ်ဦး အတူ ရှိခဲ့ကြကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ တစ်ဦးက တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့သည်။

Credit: Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top