×

ဂျနီဖာ လိုပက်ဇ်တစ်ယောက် ပြီးခဲ့တဲ့နှစ် မေလအတွင်းက စေ့စပ်လက်ထပ် လက်စွပ် ဝတ်ဆင်လေ့ရှိကြတဲ့ လက်ချောင်းမှာ စိန်လက်စွပ်တစ်ကွင်း ဝတ်ဆင်ထားတာ တွေ့ခဲ့ရပြီးနောက် သူမရဲ့ စေ့စပ်သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

အခုအခါမှာတော့ American Idol ဒိုင်လူကြီးဖြစ်တဲ့ အဆိုတော် မင်းသမီး ဂျနီဇာ လိုပက်ဇ်က ဒီ သတင်းကို အတိအလင်း ငြင်းဆိုလိုက်ပါတယ်။

ဂျေလိုလို့ ခေါ်ကြတဲ့ သူမက စတုတ္ထအကြိမ် လက်ထပ်ထိမ်းမြားဖို့ အစီအစဉ် မရှိဘဲ သူမရဲ့ချစ်သူ ကက်စပါ စမတ်နဲ့ စေ့စပ်ထားခြင်း လုံးဝ မရှိဘူးလို့ ရေဒီယို အစီအစဉ်တစ်ခုမှာ ပြောလိုက်ပါတယ်။ သူမ စေ့စပ်ထားခြင်း မရှိကြောင်းနဲ့ ကောလာဟလတွေ ထွက်ခဲ့တာကိုလည်း မသိဘူးလို့ ဂျေလိုက ဆိုပါတယ်။

ဒါ့အပြင် သူမ အနေနဲ့ အလုပ်တွေ အရမ်းများနေတာကြောင့် ကောလာဟလတွေ ထွက်ပေါ်ခဲ့အတိုင်း ဖြစ်လာဖို့ အချိန်မပေးနိုင်ဘူးလို့ ဂျေလိုက ရှင်းလင်း တုံ့ပြန်ခဲ့ပါတယ်။

 အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ ဂျေလိုဟာ အိမ်ထောင်သုံးဆက် ကျခဲ့ဖူးပြီး ကွာရှင်းခဲ့ပါတယ်။ တတိယအိမ်ထောင်ဖြစ်တဲ့ မာ့ခ် အန်သော်နီနဲ့ ရရှိခဲ့တဲ့ ၇ နှစ်အရွယ် အမြွှာကလေးနှစ်ဦး ရှိပါတယ်။

ဂျေလိုနဲ့ အကသမား ကက်စပါတို့ဟာ ၂၀၁၁ ခုနှစ်မှာ ချစ်သူတွေဖြစ်ခဲ့ကြပြီး ၂၀၁၄ ခုနှစ်မှာ လမ်းခွဲတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြန်တွဲခဲ့ကြပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top