iMyanmarHouse.com - Best Property Website for Myanmar
×

ဘရက်ပစ်နဲ့ အန်ဂျလီနာ ဂျိုလီတို့ လန်ဒန်ကို ပြောင်းရွှေ့နေထိုင်မယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ World War Z နောက်ဆက်တွဲ ဇာတ်ကား ရိုက်ကူးရေးအတွက် မိသားစုလိုက် လန်ဒန်မှာ ပြောင်းရွှေ့နေထိုင်မှာ ဖြစ်ပါတယ်။

World War Z နောက်ဆက်တွဲ ဇာတ်ကားမှာ ပစ်နဲ့အတူ ဂျိုလီလည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ပစ်ဂျိုလီ စုံတွဲဟာ လန်ဒန်မှာ နေအိမ် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ သူတို့စုံတွဲက လန်ဒန်မှာ နေအိမ်တစ်လုံး ဝယ်ယူချင်တာ ဖြစ်ပေမယ့် သူတို့ စိတ်တိုင်းကျ နေအိမ် မတွေ့သေးဘူးလို့ ဆိုပါတယ်။

ပစ်ဂျိုလီ စုံတွဲက လုံခြုံရေး ထိပ်တန်းအဆင့် စိတ်ချရတဲ့ နေအိမ်ကို လိုချင်တာဖြစ်ပါတယ်။ သူတို့စုံတွဲရဲ့ လိုအပ်ချက်ထဲမှာ မြေအောက် ကားပါကင်ဖြင့် နေအိမ်ကို ဝင်ရောက်နိုင်တဲ့ စနစ်လည်း ပါဝင်တယ်လို့ ပစ်ဂျိုလီ စုံတွဲနဲ့ နီးစပ်တဲ့ အတွင်းလူတစ်ဦးက ပြောပါတယ်။

တစ်ကယ်လို့ ပစ်ဂျိုလီ စုံတွဲဟာ ဝယ်ယူဖို့အတွက် လန်ဒန်မှာ စိတ်တိုင်းကျ နေအိမ် ရှာမရခဲ့ရင်တော့ ငှါးရမ်း နေထိုင်ဖြစ်မယ်လို့ သိရပါတယ်။ သူတို့စုံတွဲဟာ လာမယ့် မတ်လမှ စတင်ပြီး လန်ဒန်မှာ လာရောက်နေထိုင်မှာ ဖြစ်ပါတယ်။ ပစ်ဂျိုလီ မိသားစုဟာ ၂၀၁၂ ခုနှစ်ကလည်း လန်ဒန်မှာ ၁၅ လကြာ နေအိမ်ငှါးရမ်း နေထိုင်ခဲ့ဖူးပါတယ်။

ထိုစဉ်က တစ်လကို အမေရိကန်ဒေါ်လာ ၂၄,၀၀၀ ပေးရတဲ့ နေအိမ်ကို ငှါးရမ်းနေထိုင်ခဲ့တာပါ။ ၂၀၁၂ ခုနှစ်က ဂျိုလီ ပါဝင်သရုပ်ဆောင်တဲ့ Maleficent ဇာတ်ကား ရိုက်ကူးဖို့အတွက် လန်ဒန်မှာ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top