iMyanmarHouse.com - Best Property Website for Myanmar
×

သင့်ချစ်သူဟာ သင်သူ့ကိုချစ်တာထက် သင့်ကို ပိုချစ်သူတစ်ယောက် ဟုတ်မဟုတ် သိနိုင်တဲ့ အချက်ကလေးတွေ ရှိနေပါတယ်။ သေချာစဉ်းစားကြည့်ရင် သင့်စိတ်ထဲကလည်း သူ ငါ့ကို တကယ်ချစ်တာပါလားဆိုတာကို သိနေပါ လိမ့်မယ်။ ဒါပေမယ့် ပိုသေချာသွားစေတဲ့ အချက်လေးတွေကို ပြောပြရရင်တော့

၁။သင့်ကို message တွေ ပို့ပြီး သင်နဲ့အဆက်မသွယ်မပြတ်အောင် အမြဲလုပ်လေ့ရှိတယ်။

သင့်ချစ်သူဟာ သင်နဲ့တစ်နေ့လုံးခွဲပြီး ညနေတွေ့ကြတဲ့အချိန်မှ သင်အဆင်ပြေလားဆိုတာ မေးတတ်တဲ့သူ မဟုတ်ပါဘူး။ သင်တစ်နေ့တာလုံး အဆင်ပြေရဲ့လားဆိုတာကို မတ်ဆေ့ခ်ျပို့ရင်ပို့၊ မဟုတ်ရင်လည်း သင့်ဆီဖုန်းဆက် ရင် ဆက်ပါလိမ့်မယ်။ သူဟာ သင်နဲ့ဝေးကွာလွန်းတဲ့နေရာ၊ နိုင်ငံရပ်ခြား၊ ဒါမှမဟုတ် ဆက်သွယ်ရခက်ခဲလွန်းတဲ့ နေရာတွေမှာ မဟုတ်ရင် သင်က သူ့ကို စာတိုလေးတစ်စောင်ပို့ဖို့ ခက်ခဲနေခဲ့ရင်တောင် သင့်ကို တစ်နေ့လုံး ဖြစ်ချင်ရာဖြစ် ပစ်မထားတတ်ပါဘူး။

၂။သူက သင့်ကို တွဲတာ သိပ်မကြာသေးတာတောင် သူ့မိသားစုနဲ့ တွေ့ဆုံပေးချင်တယ်။

သင့်ကို အတည်ကြံတဲ့သူ၊ တကယ်ချစ်တဲ့ စိတ်ရှိတဲ့သူကတော့ သင့်ကို မိသားစု၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပေးဖို့ မ၀ံ့မရဲဖြစ်နေမှာ မဟုတ်ပါဘူး။ သင့်ချစ်သူကောင်လေးက သင်နဲ့တွဲတာတောင် မကြာသေးပဲ သင့်ကို သူ့မိသားစုနဲ့ ဆုံပေးချင်နေပြီဆိုရင်တော့ ဒီအချက်က ကောင်းတဲ့အချက်တစ်ချက်ပါပဲ။

၃။သင့်ကို ဘာမှကြိုပြောမထားပဲ သင့်ဆီရောက်လာပြီး သင့်ကို ခေါ်ထုတ်သွားတတ်တယ်။

သူ့မှာ သင့်အတွက် ကြိုစဉ်းစားထားတဲ့ အစီအစဉ်လေးတွေ အမြဲရှိပါတယ်။ တစ်ခါတစ်လေ သင့်အလုပ်နားကို လာပြီး သင့်ကိုပြောမထားပဲ သင်အလုပ်ဆင်းတဲ့အခါ သင့်ကို တစ်နေရာကို ခေါ်သွားတာ၊ ရိုမန်တစ်ဆန်ဆန်လေး ဒင်နာစားတာမျိုးတွေ၊ သင်အံ့သြသွားစေမယ့် အပြင်အဆင်လေးတွေနဲ့ သင့်ကို လက်ဆောင်ပေးတာမျိုးတွေ လုပ်တတ်တယ်ဆိုရင် သူဟာသင့်ကို တော်တော်လေး အလေးထားတာပါပဲ။

၎။သင့်ကို နည်းလမ်းပေါင်းစုံနဲ့ ဂရုစိုက်ပေးတယ်။

သင့်ချစ်သူနဲ့ဖုန်းပြောတဲ့အချိန် သင်ဘယ်လောက် ဘယ်အစားအစာကို စားချင်ကြောင်း ပြောလိုက်လို့ သိပ်မကြာခင် အဲ့ဒီအစားအစာကို သူကိုယ်တိုင်ဝယ်ပြီး သင့်ဆီရောက်လာတာမျိုး ကြုံဖူးပါသလား။ သင်နေမကောင်းတဲ့အခါ သူကိုယ်တိုင် ဆေးခန်းလိုက်ပို့ ဆေးကို ဘယ်အချိန်တွေ သောက်ရမယ်ဆိုပြီး သေချာဂရိုစိုက်ပေးဖူးပါသလား။ သင်နဲ့အတူ နှစ်ယောက်လမ်းသွားချိန် သင့်လက်ကို တွဲထားပြီး လမ်းဖြတ်ကူးချိန်မှာလည်း သင့်ကို သေချာဂရုစိုက်ပေးပါသလား။ သူဟာ အသေးစိတ်လေးတွေကအစ သင့်အပေါ် သေချာဂရုစိုက်ပေးသူဆိုရင် သူဟာ သင့်အပေါ် တော်တော်လေး ချစ်လို့ဆိုတာ သံသယရှိစရာတောင် မလိုတော့ပါဘူး။

၅။သင့်သူငယ်ချင်းတွေကြားထဲမှာ သူ့ကိုလက်ခံလာအောင် ကြိုးစားတယ်။

သင့်သူငယ်ချင်းတွေအားလုံးက သူ့ကို လက်ခံလာအောင်၊ ခင်လာအောင် သူ့ဘက်က အမြဲကြိုးစားတယ်။ သင့် ပတ်ဝန်းကျင်မှာ သူလည်း ကျင်လည်လာနိုင်အောင် ကြိုးစားတယ်ဆိုရင် ဒါဟာလည်း သင့်အတွက် သူကြိုးစားနေခြင်းပါ။

၆။သင့်ကိုချစ်ကြောင်း သူအမြဲ ဖွင့်ဟတယ်။

သင်ဟာ သူ့အတွက် ဘယ်လောက်အရေးပါကြောင်းနဲ့ သင့်ကို ဘယ်လောက်ချစ်ကြောင်း မကြာခဏ ဖွင့်ဟတတ်သူဆိုရင် သူဟာ သင့်ကိုတကယ် မြတ်နိုးတန်ဖိုးထားလို့ပါပဲ။ အချိန်တွေကြာလာပေမယ့်လည်း သူက ဒီအလေ့အကျင့်လေးကို အမြဲ မမေ့မလျော့ လုပ်ဆောင်နေတယ်၊ သင်ပြောဖို့မေ့နေတဲ့ အချိန်တွေမှာတောင် သူက အမြဲ ပြောနေတတ်တယ်ဆိုရင် သူဟာ သင့်အပေါ် သင့်ထက်တောင် ပိုချစ်နေပါသေးတယ်။

 Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top