iMyanmarHouse.com - Best Property Website for Myanmar
×

နေ့ခင်းနေ့လည် အထူးအချိန်ပေး ၀ိတ်ချစရာမလိုတော့ပဲ ညဘက် အိပ်နေချိန်မှာ ၀ိတ်ချနိုင်တယ်ဆိုတာဟာ ပျိုမေတွေအတွက်တော့ သတင်းကောင်းပဲပေါ့။ ဒီတော့ အိပ်နေချိန်အတွင်း ဘယ်လိုဝိတ်ချနိုင်မလဲဆိုတာ တစ်ချက် ဖတ်ကြည့်လိုက်ပါဦး။

အိပ်ရာမဝင်ခင် ပရိုတင်းဓာတ် ဖြည့်ထားခြင်း
Florida State University သုတေသီများက အိပ်ယာမဝင်မီ ပရိုတင်းဓာတ် ၃၀ ဂရမ်စားသုံးခြင်းဟာ နားနေစဉ် စွမ်းအင်အသုံးချမှု(အိပ်ပျော်နေစဉ် ကယ်လိုရီ လောင်ကျွမ်းစေမှု)ကို ပိုမို မြင့်မားစေကြောင်း တွေ့ရှိခဲ့ကြ ပါတယ်။ ပရိုတင်းဓာတ်က ညအချိန် ကြွက်သားများ ပြုပြင်ခြင်းကိုလည်း အကူအညီပေးပါတယ်။ ကြွက်သားများ ပိုမို သန်မာလေ အနားယူစဉ် ကယ်လိုရီ ကို ပိုမို လောင်ကျွမ်းစေနိုင်လေ ဖြစ်ပါတယ်။

အမှောင်ထဲတွင် အိပ်စက်ခြင်း
လုံးဝ မှောင်မဲနေသော အခန်းတစ်ခုအတွင်း အိပ်စက်ခြင်းက melatonin ဟော်မုန်းကို ထွက်ရှိစေပါတယ်။ melatonin က အိပ်ငိုက်ခြင်းကို ဖြစ်စေရုံသာမက ကယ်လိုရီ လောင်ကျွမ်းစေတဲ့ အညိုရောင် အဆီကို လည်းထုတ်ပေးနိုင်ပါတယ်။

အပူချိန်လျှော့ချခြင်း
အေးမြတဲ့ အခန်းထဲမှာ အိပ်စက်ခြင်းက ကယ်လိုရီကို ပိုမို လောင်ကျွမ်းစေပါတယ်။ ၆၆ ဒီဂရီရှိတဲ့ အခန်းထဲမှာ အိပ်စက်သူတွေက ပိုနွေးတဲ့ အခန်းထဲမှာ အိပ်စက်သူတွေထက် ၇% ကယ်လိုရီပိုမို လောင်ကျွမ်းစေပါတယ်တဲ့။ အကြောင်းကတော့ ခန္ဓာကိုယ်က သူ့ရဲ့ ပုံမှန် အပူချိန် ၉၈.၆ ဒီဂရီကို ထိန်းထားနိုင်ဖို့် ပိုမို အင်အားစိုက်ထုတ်ရတဲ့ အတွက် ဖြစ်ပါတယ်။၇ %ကသိပ်မများဘူးလို့ ထင်ရပေမဲ့ အိပ်ချိန် ၂၄ နာရီအတွင်းမှာ အပို  ၁၀၀ ကယ်လိုရီ ကို လောင်ကျွမ်းစေနိုင်ပါတယ်။

screen များအားလုံး ပိတ်ထားခြင်း
အိပ်ယာမဝင်ခင်မှာ ကိုယ့်ရဲ့ အီလက်ထရောနစ် ပစ္စည်းအားလုံးကို ပိတ်ထားလိုက်ပါ။ Manchester University မှ သုတေသီများက tablets နဲ့ စမတ်ဖုန်းတွေက ထွက်တဲ့ အပြာရောင်လှိုင်းတို အလင်းတန်းက ခန္ဓာကိုယ်က melatonin ဟော်မုန်းထွက်ရှိမှုကို ဟန့်တားပြီး ဇီဝကမ္မဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်စေတယ်လို့ ဆိုပါတယ်။ စကာင်္ပူ နိုင်ငံမှ သုတေသနပညာရှင်တွေက TV မျက်နှာပြင်က ထွက်တဲ့ အလင်းတန်းက adiponcetin (ဂလူးကို့စ် ပမာဏကို ညှိပေးပြီး အဆီပိုတွေကို ဖယ်ရှားပေးတဲ့ ပရိုတင်း)ထွက်ရှိမှုကို ပိုမိုလျော့နည်းစေတယ်လို့ ဆိုသည်။

အိပ်ရေးဝအောင် အိပ်စက်ခြင်း
အိပ်ရေးဝအောင်(၇ နာရီ မှ ၈ နာရီ) အိပ်စက်သူတွေက အိပ်ရေးမဝတဲ့သူတွေထက် ကယ်လိုရီ ၅% ပိုမိုလောင်ကျွမ်းတယ်လို့ American Journal of Clinical Nutrition ရဲ့ လေ့လာမှု တစ်ရပ်က သက်သေပြထားပါတယ်။ အိပ်စက်မှု မရှိခြင်းကြောင့် ဝ စေတဲ့ဆဲလ်တွေက အင်ဆူလင်ဓာတ်ကို အာရုံခံနိုင်မှု ပိုမို နည်းပါးလာတဲ့အတွက် အဝလွန်ခြင်းဆိုတဲ့ ဇီဝကမ္မ ပြောင်းလဲမှုဖြစ်စဉ်
 ဖြစ်ပေါ်စေပါတယ် ။

ဒီနည်းလမ်းလေးတွေ ကို စမ်းပြီးကျင့်သုံး ကြည့်မယ် ဆိုရင် မပင်မပန်းဘဲနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဝိတ်ချနည်းတစ်ခုဖြစ်နိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top