iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီးတွေ အများဆုံး ခံစားရတဲ့ ဝေဒနာရောဂါများအနက် ရင်သားကင်ဆာကလည်း တစ်ခုအပါအ၀င်ပါ။ ဒါ့ကြောင့် သင့်အနေနဲ့ ဘယ်လို ကြိုတင်ကာကွယ်ရမလဲဆိုတဲ့ အချက်လေးတွေကို ခုလို ဖော်ပြပေးလိုက်ပါတယ်။

၁. အဝလွန်ခြင်းမှ ကာကွယ်ပါ

ရင်သားကင်ဆာဟာ သွေးဆုံးပြီးနောက်ပိုင်း အချိန်များတွင် အဖြစ်များပြီး အဝလွန်ကဲမှုက ရင်သားကင်ဆာဖြစ်ပေါ်မယ့် အခွင့်အရေးကို ပိုမိုဖြစ်စေပါတယ်။ ထို့ကြောင့် အဝလွန်ကဲမှုကို ရှောင်ကြဉ်တားဆီးပြီး ကိုယ်အလေးချိန် ၂၅ ကီလိုဂရမ်အောက် ထိန်းထားပါ။

၂. အလွန်ခြင်းမှကာကွယ်ဖို့ ကျန်းမားရေးနှင့်ကိုက်ညီစာစားသောက်ပါ

ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများကို များများ စားသုံးပြီး အချိုပါသောဖျော်ရည်များ၊ ကစီဓါတ်နှင့် အဆီဓါတ်ပါတဲ့ အစားအစာများကို လျှော့စားပါ။ ငါး သို့မဟုတ် ကြက်ရင်အုံနှင့် အမဲသားကဲ့သို့ အဆီနည်းတဲ့အသားငါးများကို မျှတစွာစားသုံးပါ။ ဖြစ်နိုင်ရင် မစားပါနဲ့။ ဂျုံ၊ ဆန်တို့ကို စားသုံးပါ။ သား၊ငါးဆီမသုံးဘဲ သစ်သီးဝလံဆီကို ရွေးချယ်သုံးစွဲပါ။

၃. သွက်သွက်လက်လက် နေထိုင်ပါ

အသက်အရွယ်အိုမင်းရင့်ရော်တောင်မှ သွက်သွက်လက်လက်နေထိုင်ခြင်းဟ ရင်သားကင်ဆာဖြစ်စေမှုကို ၁၀ မှ ၃၀ ရာနှုန်းအထိလျှော့ချပေတယ်လို့ သုတေသနတစ်ခုက အကြံပြုပြောဆိုထားပါတယ်။ တစ်ပတ် ငါးရက် မိနစ် ၃၀ ခန့်လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ပေးရုံနှင့် ကာကွယ်ပေးနိုင်ပါတယ်။

၎. အရက်မသောက်ပါနဲ့ ဒါမှမဟုတ် နည်းနည်းသောက်ပါ

အရက်သေစာသောက်သုံးခြင်းဟာ ရင်သားကင်ဆာဖြစ်စေတဲ အခွင့်အလမ်းကို ဖြစ်စေပါတယ်။ အမျိုးသမီးများအနေနှင့် တစ်နေ့တစ်ခွက်ထက် ပိုမသောက်သင့်ပေ။

၅. ဆေးလိပ်မသောက်ပါနဲ့

စွဲမြဲစွာဆေးလိပ်သောက်သုံးခြင်းဟာ အမျိုးသမီးများကို ရင်သားကင်ဆာဖြစ်စေတယ်လို့ သုတေသနတစ်ခုက အကြံပြုထားပါတယ်။

၆. ကလေးမွေးရင် မိမိကလေးအား မိခင်နို့ချိုကို တိုက်ကျွေးပါ

မိမိကလေးအား စုစုပေါင်းအနည်းဆုံး မိခင်နို့ရည်ချို ၁ နှစ် တိုက်ကျွေးခြင်းဟာ မိခင်အားရင်သားကင်ဆာဖြစ်ပေါ်ခြင်းမှ လျှော့ချပေးပါတယ်။

၇. ရင်သားကင်ဆာရှိ/မရှိ ပုံမှန်စစ်ဆေးကြည့်ပါ

ဘယ်လိုစစ်ဆေးမှုလိုအပ်သနည်းနှင့် ဘယ်လောက်ထိစစ်ဆေးရမယ်ကို ဆုံးဖြတ်ရန် သင့်ဆရာဝန်နှင့် ကျန်းမာရေးစောင့်ရှောက်ပေးသူများရဲ့ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ။ တကယ်လို့ သင့်မှာ ရင်သားကင်ဆာမျိုးဗီဇ (BRCA)ရှိရင်၊ မိသားစုမှာ ရင်သားကင်ဆာဖြစ်ခဲ့ရင် ဒါမှမဟုတ် အရင်က ရင်သားမှာအနာရှိခဲ့ရင် ရင်သားကင်ဆာဖြစ်နိုင်ဖို့များတာကြောင့် သင့်ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပါ။ ပါဝင်နိုင်တဲ့

စစ်ဆေးမှုရွေးချယ်စရာများ မှာ

(က) အပိုစစ်ဆေးခြင်း - အချို့အမျိုးသမီးများအတွက် သံလိုက်စက်ကွင်းသုံးပုံရိပ်ဖော်စစ်ဆေးခြင်း (MRI) နှင့် အယ်ထရာဆောင်းနှင့် စစ်ဆေးခြင်းဟာ ပုံမှန်ဓါတ်မှန်ရိုက်စစ်ဆေးမှုအား အချက်အလက်များအားဖြည့်ပေးပါတယ်။

(ခ) မဟော်မုန်းထိန်းချုပ်ဆေး - ရင်သားကင်ဆာရှိနေတဲ့အသိုက်အဝိုင်းမှ အမျိုးသမီးများ သို့မဟုတ် အသက် ၆၀ ကျော် အမျိုးသမီး များမှာ tamoxifen ၊ raloxifene နှင့် aromatase inhibitors စတဲ့ဆေးများကဲ့သို့ မဟော်မုန်းထိန်းချုပ်ဆေးရဲ့ ဆိုးကျိုး၊ ကောင်းကျိုးတွေ ကို ဆရာဝန်နှင့် ဆွေးနွေးသင့်ပါတယ်။

(ဂ) ရင်သားနှင့်/သို့မဟုတ် သားဥအိမ်ဖယ်ရှားလို့ ရောဂါကာကွယ်ခွဲစိတ်ကုသမှု - ရင်သားနှစ်ဖက်လုံးကို ခွဲစိတ်ဖယ်ရှား ထားတဲ့ အမျိုးသမီးများဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၉၀ ရာနှုန်းလျှော့နည်းသွားပါတယ်။ သားဥအိမ်နှစ်ခုလုံးကို ခွဲစိတ်ဖယ်ရှားထားတဲ့ အမျိုးသမီးများဟာ ပုံမှန်အမျိုးသမီးများထက် ဖြစ်နိုင်ခြေ ထက်ဝက်လျှော့နည်းသွားပါတယ်။ ဒီစစ်ဆေးမှုရွေးချယ်စရာများဟာ အန္တရာယ်များတဲ့အမျိုးသမီးများအတွက် အသင့်လျှော်ဆုံး နည်းလမ်းများဖြစ်တယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top