iMyanmarHouse.com - Best Property Website for Myanmar
×

အောက်ဖော်ပြပါ အမူအကျင့်တွေရှိနေရင် သင့်အတွက် စစ်မှန်တဲ့ လက်တွဲဖော် တွေ့ပြီလို့ မှတ်လိုက်ပါ။

ချစ်သူ၊ သမီးရည်းစား ဆက်ဆံရေးဆိုတာ အဓိကအားဖြင့် နှစ်မျိုးသာ ရှိပါတယ်။ အနာဂတ်အစီအစဉ် မရှိတဲ့ ဆက်ဆံရေးမျိုးနဲ့ မရှိတဲ့ ဆက်ဆံရေးမျိုး ဖြစ်ပါတယ်။ မိန်းကလေးအားလုံးကတော့ ကိုယ်နဲ့ တစ်သက်တာ လက်တွဲနိုင်ပြီး ပျော်ပျော်ရွှင်ရွှင်နေနိုင်မယ့် ယောက်ျားမျိုးကို တောင်တကြမှာ အမှန်ပါပဲ။

ဒီတော့ အောက်မှာဖော်ပြမယ့် အချက်တွေရှိတဲ့ အမျိုးသားမျိုးကို ပိုင်ဆိုင်ထားပြီဆိုရင်တော့ သင့်အတွက် အိမ်ထောင်ဖက်အမျိုးသားကောင်း တွေ့ပြီလို့သာ မှတ်လိုက်ပါ။

၁။ သင်နဲ့ ပတ်သတ်လာရင် အသေးအဖွဲလေးတွေက အစမှတ်မိနေမယ်။

၂။ သင်နဲ့ ပတ်သတ်လာရင် ပွင့်ပွင့်လင်းလင်းရှိမယ်။ ဘာဖြစ်ချင်တယ်၊ ဘာမဖြစ်ချင်ဘူးဆိုတာ ပွင့်ပွင့်လင်းလင်း ပြောလေ့ရှိတယ်။

၃။ သင့်ကို မကြာခဏ ရယ်မောအောင် လုပ်နိုင်တယ်။

၎။ သင့်ရဲ့ အမြင်ကို သူအလေးထားတယ်။ လက်ခံဆွေးနွေးပေးလေ့ ရှိတယ်။

၅။ လူကြားထဲမှာလည်း သင့်ကို ချစ်ပြဖို့ သူဝန်မလေးဘူး။

၆။ သင့်ရဲ့ ဆုံးဖြတ်ချက်ကို လေးလေးစားစားရှိတယ်။ လက်မခံနိုင်ရင်တောင်မှ ဘာကြောင့် လက်မခံနိုင်လဲဆိုတာ သေချာရှင်းပြတယ်။

၇။ သူ့သင့်ကို ဘယ်လောက်ချစ်ကြောင်း သက်သေပြလေ့ရှိတယ်။ အချိန်မှန်၊ နေရာမှန်မျိုးမှာပေါ့။

၈။ စူပါမန်းလို မဟာလူသားမဟုတ်ပေမယ့် သင့်ကို စိတ်ကျေနပ်အောင် ထားနိုင်တယ်။ စိတ်ညစ်နေတဲ့ အခါမျိုးမှာ သင့်ကို ဘယ်နေရာ ခေါ်သွားရမယ်ဆိုတာ သူသိနေတက်တယ်။

၉။ သင်တို့ကြားက ဆက်ဆံရေးတည်တံ့ဖို့ သူ့ဘက်က သည်းခံပြီး စိတ်ရှည်ပေးတယ်။ ရန်မဖြစ်အောင်လည်း ထိန်းတက်တယ်။

၁၀။ သင့်ကို ချစ်သူတစ်ယောက်လို ချစ်သလို သူငယ်ချင်းတစ်ယောက်လိုလည်း ကိစ္စတွေ တိုင်ပင်လေ့ရှိမယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top