iMyanmarHouse.com - Best Property Website for Myanmar
×

သူ့ဘက်က ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်မှာကြောက်ရင် လူများပြီး တိတ်ဆိတ်တဲ့နေရာမျိုးမှာ တွေ့ဖို့ချိန်းပါ။

(၁)အရင်ဆုံးသိသူက သူဖြစ်ပါစေ
လမ်းခွဲတော့မယ့်အကြောင်း သူငယ်ချင်း တစ်ယောက်နှစ်ယောက်ကို တိုင်ပင်တာ ကောင်းပါတယ်။ ဒါပေမဲ့ ပေါက်ကြားပြီး တစ်ယောက်ယောက်ဆီက သူ အရင်သိသွားရင် တုံ့ပြန်မှုက မကောင်းပါဘူး။

(၂)လူချင်း နှစ်ကိုယ်တည်းတွေ့ပါ
ဖုန်းဆက်တာ၊မက်ဆေ့ပို့တာ လုံးဝမလုပ်ပါနဲ့၊ သူ့ဘက်က ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်မှာကြောက်ရင် လူများပြီး တိတ်ဆိတ်တဲ့နေရာမျိုးမှာ တွေ့ဖို့ချိန်းပါ။

(၃)ပွင့်ပွင့်လင်းလင်းသာ ပြောပါ
တိုက်ရိုက် ရှင်းရှင်းလင်းလင်း ပြောလိုက်တာ ရေရှည်မှာ အကောင်းဆုံးပါ။

(၄)အကြောင်းပြချက် အစစ်ကိုပဲပေးပါ
သူက ဘာကြောင့်လဲလို့ မေးမှာ အမှန်ပါပဲ။ ဒီအခါမှာ ဝေ့လည်ကြောင်ပတ်တွေ မပြောပါနဲ့။ ခံစားချက်မရှိတော့လို့၊ ရေရှည်တွဲရတဲ့အခါ အဆင်မပြေတာတွေ တွေ့လာလို့ အမှန်အတိုင်းသာပြောပါ။ ခံသာအောင် သူ့ကို မျှော်လင့်ချက်မှိန်မှိန်ပေးတာမျိုး မလုပ်ပါနဲ့။

(၅)ဒီအချက်တွေကို မပြောပါနဲ့
နင့်ကို မကြိုက်တော့ဘူး၊ နင်ကဆွဲဆောင်မှုမရှိဘူး။
ယောကျာ်းမပီသဘူး။ မိန်းမလိုမိန်းမရ နိုင်တယ်။
ငွေကြေးလည်းမထောက်ပံ့နိုင်ဘူး။
** သွယ်ဝိုက်ပြီးလည်း မပြောပါနဲ့။

(၆)အပြစ်တွေကို မဆွေးနွေးနဲ့
သူ့အမှား ကိုယ့်အမှား ဆွေးနွေးမနေပါနဲ့။ လက်ရှိ ဒီဆက်ဆံရေးအဆုံးသတ်ပြီဆိုတာ နှစ်ယောက်စလုံး မြန်မြန်ဆန်ဆန် လက်ခံလိုက်ဖို့ပါပဲ။

(၇)ဒီအချိန်တွေမှာ ထွက်ခဲ့ပါ
လမ်းခွဲပြီဆိုတာကို သူလက်ခံပြီဆိုတာနဲ့ ထွက်ခဲ့ပါ။
မိနစ်သုံးဆယ်ထက် ပိုမပြောပါနဲ့။ မိနစ်သုံးဆယ် ကျော်ပြီဆိုတာနဲ့ ထွက်ခဲ့ပါ။
သူ့ဘက်က အော်ဟစ်ပြီး ကြမ်းကြမ်းတမ်းတမ်းတွေဖြစ်လာရင် ကိုယ့်ဘက်က တည်ငြိမ်ပါ။ နှုတ်ဆက်ပြီး ထွက်ခဲ့ပါ။

Credit : duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top