iMyanmarHouse.com - Best Property Website for Myanmar
×

ချစ်သူစုံတွဲဘဝက ပျော်ရွှင်ဖွယ်၊ စိတ်ဝင်စားဖွယ်၊ စိတ်လှုပ်ရှားဖွယ်အပြည့်နဲ့ စတင်ပြီး တစ်ဖြည်းဖြည်းနဲ့ ပျင်းရိငြီးငွေ့ဖွယ်ဖြစ်ကာ အေးစက်သွားကြမြဲဆိုတာ ကြိုတင်တွက်ဆဖို့ မခဲယဉ်းပါဘူး။ ဒါတွေဟာ ချစ်သူစုံတွဲဘဝရဲ့ သဘောသဘာဝဖြစ်နေချိန်မှာ ရင်းနှီးဆက်ဆံမှုက ရိုးအီသွားလေ့ရှိပါတယ်။ ဒါပေမယ့် ချစ်သူချင်း ဆက်ဆံရေးကို အစပိုင်းကလို စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဆက်လက်ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ပြောရရင် အရာရာ စိတ်လှုပ်ရှားဖွယ်ရှိနေစေဖို့ နေ့စဉ်ပုံမှန်လုပ်ပေးရမယ့်အထဲ ဒီ အချက် (၁၀) ချက် ပါဝင်တယ်။

သူ့ကို ချီးမွမ်းစကားဆိုပါ

လူတိုင်း အချီးမွမ်းခံတာ ကြိုက်နှစ်သက်ကြတယ်။ သူလည်း ဘာမှမခြားနားပါဘူး။ သူ့ကို ချီးမွမ်းစကား ပြောဆိုပါ။ သူ အလေးပေးမှုရပြီး ချစ်ချင်းမေတ္တာ ခံစားလာရမှာဖြစ်ပါတယ်။

ယုယမှုပေးပါ

သူ့လက်ကလေးကိုင်ပြိး ပွေ့ဖက် သို့မဟုတ် နမ်းရှုံ့ကာ ဂရုစိုက်ကြောင်း ဖော်ပြပါ။

တမူထူးသော မနက်ခင်းလေးတွေ ဖန်တီးပါ

စနေ၊ တနင်္ဂနွေ အားလပ်ရက်များမှာ အနည်းငယ်စောထ သူကြိုက်တတ်တဲ့ ထမင်းဟင်းတွေ ချက်ပြုတ်ပြီး သီချင်းလေးဖွင့်ကာ ပျော်ရွှင်ဖွယ် မနက်ခင်းလေးတစ်ခု ဖန်တီးပါ။

ဖုန်းကို ဝေးဝေးထားပါ

သူ သင့်ကို စကားပြောဆိုတဲ့အခါ အာရုံစူးစိုက်မှုပေးပြီး ဖုန်းကို ခဏမေ့ထားပါ။ တစ်စုံတစ်ယောက်နဲ့ စကားပြောဆိုနေစဉ် ဖုန်းကြည့်နေတာဟာ အဆိုးဆုံး မလေးမစားပြုမူမှု ပုံစံဖြစ်ပါတယ်။

သူ့ကို ချစ်ကြောင်း ပြောပြပါ

ဒါကို သူသိထားပြီး ဆိုတာ ဟုတ်ပါတယ်။ အနည်းငယ် ပေါလွန်းရာကျရင်လည်း ကျနိုင်တယ်။ သို့သော် နေ့တိုင်း သူ့ကို ချစ်ကြောင်း ပြောဖို့ အခွင့်အရေးကို လက်လွတ်မခံပါနဲ့။

အသေးဖွဲများကအစ ဖော်ပြပါ

သူရေပိုက်ခေါင်းယိုလို့ပြင်ခဲ့တာ သို့မဟုတ် အမိုက်ပစ်ခြင်း စတာတွေ လုပ်ခဲ့သလား။ ဒါတွေ ထုတ်ဖော်ပြောဆိုပြီး ကျေးဇူးတင်ကြောင်း ပြောပါ။ အဲဒီ အသေးဖွဲများအားလုံး သတိပြုကြောင်းနဲ့ ဒါတွေကသာ သင့်အား ပျော်ရွှင်စေကြောင်း သူသိပါစေ။

အပြောင်းအလဲလေးတွေ လုပ်ပါ

သဘာဝကျကျပြုမူနေထိုင်ပါ။ သူ သင့်ဆီ မမျှော်လင့်မထားတာတွေ လုပ်ပါ။ ရယ်စရာလေးတွေ ဖန်တီးပြီး အံ့အားသင့်စေပါ။ ငြီးငွေ့ ရိုးအီမှုတွေမရှိအောင် အရာရာ သက်ဝင်လှုပ်ရှားမှုရှိစေဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

ချိန်းတွေ့စကားပြောရက်လေးသတ်မှတ်ပါ

အရာရာ ဆန်းသစ်ထူးခြားနေစေဖို့ မွေးနေ့ပွဲ သို့မဟုတ် နှစ်လည်ပတ်ပွဲ တွေ မလိုအပ်ပါဘူး။ ပုံမှန် တွေ့ဆုံစကားပြောရက်လေးတွေ စီစဉ်ခြင်း၊ သူနှစ်သက်တဲ့ ဂီတဖျော်ပွဲ တစ်ခုကို ခေါ်သွားခြင်း ဒါမှမဟုတ် သူ့စိတ်ကြိုက် အစားအစာကို လုပ်ကျွေးခြင်း စတာတွေလုပ်ပေးပါ။ တစ်နေ့နဲ့ တစ်နေ့ မရိုးအောင်လုပ်ပါ။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top