iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၁၆ အကယ်ဒမီပေးပွဲသည် ၎င်းအတွက် စိတ်လှုပ်ရှားစရာပွဲတစ်ခုဖြစ်သည်ဟု သရုပ် ဆောင်ရွှေသမီးက ပြောသည်။

‘‘ဒီနှစ် အကယ်ဒမီပွဲကတော့ အရင်နှစ်ပွဲတွေ တက်ရတာထက်ကို ပိုရင်ခုန်စရာဖြစ်မယ်ထင် တယ်။ ဒီနှစ်က ၂ နှစ်စာလည်းဖြစ်တယ်။ အကယ်ဒမီရမယ့်အနုပညာအစ်ကို၊ အစ်မတွေအတွက်ပဲ ရင်ခုန်ပေးရမယ်။ ဒီနှစ်ပေးမယ့် ဇာတ်ကားတွေက တကယ့်ရင်ခုန်စရာဖြစ်နေတယ်။ အဲဒီအတွက် ၂၀၁၆ အကယ်ဒမီပွဲကို တက်ရမယ်ဆိုရင်တော့ စိတ်လှုပ်ရှားစရာဖြစ်တဲ့နှစ်လို့ ပြောလို့ရတယ်’’ဟု ရွှေသမီးက ပြောသည်။

ရွှေသမီးသည် ပွဲကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးဖြင့် ဒါရိုက်တာဂျိုးရိုက်ကူးမည့် ‘အမေလူမိုက် သားလူမိုက်’ရုပ်ရှင်ကားကြီးကို သရုပ်ဆောင်သစ် နေစ၊ မင်းဦး၊ ထွန်းအိန္ဒြာဗိုတို့နှင့်အတူ ၂၀၁၆အတွက် ပထမဆုံးရိုက်ကူးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

၂၀၁၆ အကယ်ဒမီဆုချီးမြှင့် ပွဲကို ၂၀၁၄ နှင့် ၂၀၁၅အတွက် ၂ နှစ်စာ စုပေါင်းပေးမည်ဖြစ်ပြီး ဆုအရေအတွက်ကိုလည်း သီးခြားစီသတ်မှတ်ထားသည်။ အကယ်ဒမီပေးပွဲကို လာမည့် ဧပြီ ၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။

‘‘ဒီဇာတ်ကားမှာက လူငယ်ဇာတ်ရုပ်လေးပါပဲ။ မိဘသဘော မတူတဲ့ကောင်လေးနဲ့ လက်ထပ်ယူလိုက်တာပါ။ နောက်ပိုင်းမှာ အဆင်မပြေတာတွေ ဖြစ်လာတာမျိုးပါ။ ဒီကားက ဒီနှစ်အတွက်ပထမဆုံးရိုက်မယ့် ရုပ်ရှင်ကားကြီးပါ။ ရုံတင်ဖို့ကတော့ တစ်ကားပဲရှိတယ်။ ညီမရဲ့ ဗီဒီယိုဇာတ်ကားတွေကတော့ တောက်လျှောက်ထွက်ဖို့ရှိပါတယ်’’ဟု ရွှေသမီးက ပြောသည်။

ရွှေသမီးသည် အနုပညာပျိုးခင်းဖြင့် သုံးနှစ်တာစာချုပ်ချုပ်၍ အနုပညာအလုပ်များ လုပ်ကိုင်နေပြီးသရုပ်ဆောင်အပြင် အခြေခံအဆိုသင်တန်း တက်ရောက်ရန်လည်း စီစဉ်နေကြောင်း သိရသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top