iMyanmarHouse.com - Best Property Website for Myanmar
×

ခေါင်းတစ်ခြမ်းကိုက်ရောဂါခံစားနေရသည့် အမျိုးသမီးများသည် သွေးဆုံးချိန်နီးလာသည်နှင့်အမျှ ခေါင်းကိုက်သည့်ဒဏ်ကို ပိုမိုခံစားရနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။

သွေးဆုံးချိန်မတိုင်မီ ဖြစ်ပေါ်သော ကျားဟော်မုန်းနှင့် မ ဟော်မုန်းများကဲ့သို့ အမျိုးသမီးများတွင် ဟော်မုန်းများ အပြောင်းအလဲဖြစ်ပေါ်မှုကြောင့် ယင်းအချိန်၌ ခေါင်းကိုက်ခြင်း ပိုများလာ နိုင်သည်ဟု နယူးယောက်စီးတီးဆေးဘက်ဆိုင်ရာ ကောလိပ်မှ သုတေသီများက ပြောသည်။

ယခုလေ့လာမှုအတွင်း သွေးဆုံးချိန်နှင့် သွေးဆုံးချိန်မတိုင်မီ ခေါင်းတစ်ခြမ်းကိုက်ရောဂါခံစားရသော အမျိုးသမီး ၃,၆၀၀ ကျော် ပါဝင်သည်။ သွေးဆုံးချိန်နီးကပ်လာချိန်တွင် ခေါင်းကိုက်သည့်အ ကြိမ်ရေသည် တစ်လလျှင် ဆယ်ကြိမ် (သို့မဟုတ်) ယင်းထက်ပို၍ ခံစားနေရသူများသည် ဓမ္မတာစက်ဝန်း မူမမှန်ဖြစ်ခြင်းနှင့်အတူ ခေါင်းကိုက်သည့် အကြိမ်ရေ ၆၀ ရာခိုင်နှုန်း ပိုများလာကြောင်း သိရ သည်။

 သွေးဆုံးခါနီးတွင် ခေါင်းကိုက်ရောဂါအန္တရာယ်အမြင့်မားဆုံး ဖြစ်ပြီး ယင်းအချိန်တွင် အမျိုးသမီးများ မဟော်မုန်းပမာဏနည်းပါး လာကြောင်း လေ့လာမှုကဖော်ပြသည်။

သွေးဆုံးခါနီးတွင် အမျိုးသမီးများ ခေါင်းကိုက်ရောဂါ ပိုမိုဆိုးရွားလာသည်ဟု ဆရာဝန်များကို ပြောကြားလေ့ရှိခြင်းသည် ယင်းအမျိုးသမီးများ မှန်ကန်ကြောင်း မိမိတို့ သက်သေပြနိုင်ပြီဟု သုတေသီများက ပြောသည်။

သွေးဆုံးချိန်မတိုင်မီနှင့် သွေးဆုံးချိန်အတွင်း ဟော်မုန်းပြောင်း လဲမှုများအတွက် ဟော်မုန်းများကို ဟန်ချက်ညီစေနိုင်သည့် ကုထုံး များရှိသဖြင့် ခေါင်းတစ်ခြမ်းကိုက်တတ်သော အမျိုးသမီးများ သွေး  ဆုံးခါနီးတွင် အထောက်အကူဖြစ်နိုင်သည်ဟု သုတေသီများက ပြောသည်။ သွေးဆုံးခါနီးတွင် သန္ဓေတားဆေးများသောက်ခြင်း၊ မဟော်မုန်း ကပ်ခွာများ အသုံးပြုခြင်းတို့ဖြင့် ဟော်မုန်းပမာဏကို ထိန်းညှိ နိုင်ကြောင်း သုတေသီများက ပြောသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top