iMyanmarHouse.com - Best Property Website for Myanmar
×

သွေးကြောများထဲတွင် သွေးခဲများဖြစ်ပေါ်ကာ သွေလည်ပတ်စီးဆင်းမှု အနှောင့်အယှက်ဖြစ်ပေါ်လာပါက အဆုတ်သို့ အောက်ဆီဂျင်ပို့ လွှတ်မှုကို အဟန့်အတားဖြစ်စေသည့်အပြင် ကျန်းမာရေးဆိုးကျိုး များစွာဖြစ်ပေါ်လာနိုင်သည်။

ထို့ကြောင့် သွေးခဲများ ဖြစ်ပေါ်လာစေနိုင်သည့်အကြောင်းရင်းများကို ရှောင်ရှားနိုင်ရန် ဖော်ပြပေးလိုက်ပါ
သည်။လေယာဉ်ဖြင့်(သို့မဟုတ်)ကားဖြင့် ခရီးသွားခြင်း(သို့မဟုတ်) အလုပ်နှင့်နေအိမ်တို့တွင် ကွန်ပျူတာရှေ့၌ကြာရှည်စွာနေထိုင်နေ ခြင်းကဲ့သို့အချိန်အကြာကြီးထိုင်နေခြင်းကြောင့်
 သွေးခဲများဖြစ်ပေါ် နိုင်သည့်အန္တရာယ်မြင့်မားလာနိုင်သည်။

ကိုယ်ဝန်ဆောင်ခြင်းကြောင့် သွေးခဲများဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကို မွေးဖွားပြီး သီတင်းခြောက်ပတ်အထိ ကြုံတွေ့ရနိုင် သောကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် လမ်းလျှောက်ပေးခြင်း၊ ယောဂကျင့်ခြင်းနှင့် အခြားလေ့ကျင့်ခန်းများလုပ်ခြင်းအပြင် ကလေးမွေး ဖွားပြီးလျှင်ပင် ပြုလုပ်ပေးသင့်သည်။

အဝလွန်ခြင်းကြောင့်ကိုယ်လက်လှုပ်ရှားမှုလျော့ကျလာပြီး သွေးလည်ပတ်မှုညံ့ဖျင်းလာနိုင်သောကြောင့်
 သွေးခဲများဖြစ်ပေါ် လာနိုင်သည့် အန္တရာယ်မြင့်မားသည်။ထို့ကြောင့် ကျန်းမာရေးနှင့်ညီသော ခန္ဓာကိုယ်ညွှန်းကိန်းရှိရန်လိုအပ်သည်။နှလုံးခုန်နှုန်းမူမမှန်ခြင်းကြောင့်လည်း သွေးခဲများဖြစ်ပေါ်လာ
 နိုင်သည့် အန္တရာယ်မြင့်မားလာနိုင်သည်။

 နှလုံးခုန်နှုန်းမူမမှန်ခြင်းကြောင့် နှလုံးအပေါ်ပိုင်းအခန်းများတွင် သွေးများစုဝေးကာ ကောင်းစွာတွန်း
မပို့နိုင်ဖြစ်ပြီး သွေးခဲများဖြစ်ပေါ်လာပါက လေဖြတ်နိုင်သည့်အန္တရာယ်ရှိသည်။
သန္ဓေတားသောက်ဆေးများတွင် ပါဝင်သော ဟော်မုန်းများ ကြောင့် သွေးခဲများ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်မြင့်မားလာနိုင်ပြီး အချို့သောဟော်မုန်းကုထုံးများကြောင့်လည်း သွေးခဲများဖြစ်ပေါ် လာနိုင်သည့်အန္တရယ် မြင့်မားနိုင်သည်။

ဦးနှောက်၊သားအိမ်၊သရက်ရွက်၊အူမကြီး၊အစာအိမ်၊အဆုတ်နှင့် ကျောက်ကပ်ကင်ဆာရောဂါသည်များ
 သွေးခဲများဖြစ်ပေါ်နိုင် သည့်အန္တရာယ်မြင့်မားလာနိုင်သည်။
ဓာတုကုထုံးများနှင့် ကင်ဆာရောဂါ ကာကွယ်ရေးဆေးဝါးပုံစံအချို့ကြောင့်လည်း ယင်းအန္တရာယ်မြင့်တက်လာနိုင်သည်။

စီးကရက်တွင်ပါဝင်သောအချို့ဓာတုပစ္စည်းများကြောင့် သွေးကြောများထိခိုက်ပျက်စီးနိုင်ပြီး
 သွေးခဲများ ဖြစ်ပေါ်လာနိုင်သည်။အချို့သော လူပုဂ္ဂိုလ်များအနေဖြင့် မိသားစုမျိုးရိုးကို လိုက်၍ ယင်းအန္တရာယ်များမြင့်မားနိုင်သည်။

ယင်းအခြေအနေမှာ အခြားသော သွေးခဲစေနိုင်သည့် အန္တရာယ်များနှင့် မပေါင်းစပ်မီ ပြဿနာမရှိနိုင်ကြောင်း သိရသည်။မည်သည့်အသက်အရွယ်၌မဆို သွေးခဲများဖြစ်ပေါ်လာနိုင် သော်လည်း အသက်ကြီးလာသည်နှင့်အမျှ အန္တရာယ်ပိုများလာနိုင် သည်။

ထို့ကြောင့် လေ့ကျင့်ခန်းလုပ်ရန်၊ ကျန်းမာရေးနှင့်အညီ စား သောက်ရန်နှင့် မှန်ကန်သော လူနေမှုဘဝပုံစံများအတိုင်း နေထိုင် ရန် အရေးကြီးသည်ဟု ပညာရှင်များက ပြောသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top