iMyanmarHouse.com - Best Property Website for Myanmar
×

မြန်မာ့မော်ဒယ်လောကရဲ့ ခေါင်းကိုင် မိခင်တစ်ဦးရယ်လို့ အားလုံးက အသိအမှတ်ပြုထားတဲ့ မမိုးလို့ အများစုကခေါ်ကြတဲ့ မတင်မိုးလွင် ကတော့ ဘဝမှာ အောင်မြင်ဖို့အတွက် ကိုယ့်ကိုကိုယ် အမြဲငယ်နေသေးတယ်လို့ တွေးထားရင် အရာရာ အောင်မြင်နိုင်မယ်လို့ ပြောပါတယ်။

မိမိနဲ့ သက်တူရွယ်တူ အရွယ်တွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် နုပျိုတယ်တာကို လက်ခံပါတယ်လို့ဆိုခဲ့တဲ့ မမိုးက သူနဲ့ အသက်အရွယ်တွေထဲမှာလည်း နေတတ် ထိုင်တတ်ပြီး နုပျိုနေတဲ့ သူတွေရှိနေသေးလို့ အားကျမိနေသေးတယ်လို့ ဆိုပါတယ်။

ငယ်ရွယ်နုပြိုနေစဉ် အချိန်တုန်းကတော့ တိုးတက်ကြီးပွား အောင်မြင်ရမယ်ဆိုတဲ့ Life Style ဖြစ်ရမယ်လို့ ခံယူထားခဲ့ပေမယ့် အသက်အရွယ် ရလာတဲ့ အခါမှာလည်း ကျန်းမာပြီး ပျော်ရွှင်ဖို့ကောင်းတဲ့ လူနေမှုဘဝကို ပိုပြီးတော့လိုချင်လာမိတယ်လို့ ပြောပါတယ်။

ဘဝတစ်လျောက်လုံးမှာ ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုမျိုးရှိအောင် ဆက်နေသွားမယ်လို့ ပြောခဲ့တဲ့ မမိုးက သူရေးခဲ့တဲ့ "ငယ်သေးတယ်လို့ အမြဲတွေးပါ" ဆိုတဲ့ စာအုပ်အတိုင်း ကိုယ့်ရဲ့ အတွေးတွေထဲမှာ လူငယ် တစ်ယောက်လိုပဲ တက်တက်ကြွကြွ လုပ်ကိုင်ဖို့ အမြဲစဉ်းစားနေဖို့ကို ပရိသတ်တွေအတွက် အကြံပေးခဲ့ပါသေးတယ်။

ကိုယ့် အသက်ကြီးပြီလို့ အတွေးမှာ တွေးလိုက်မယ်ဆိုရင် အခက်အခဲတွေ ရှိလာနိုင်တာကြောင့် အလုပ်တစ်ခုကိုလုပ်ဖို့ စဉ်းစားမယ်ဆိုရင် အသက်ကြီးလို့ မလုပ်နိုင်တော့ဘူးဆိုတဲ့ အတွေးတွေကို ခေါင်းထဲက ထုတ်ထားလိုက်ပါလို့ လည်း ပြောခဲ့ပါတယ်။

Credit: Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top