iMyanmarHouse.com - Best Property Website for Myanmar
×

နှလုံးခုန်နှုန်းမူမမှန်ခြင်းခြင်း ကြုံတွေ့နေသော အမျိုးသမီးများသည် အမျိုးသားများထက်ပို၍ ကျန်းမာရေးအန္တရာယ်ပိုများကြောင်း လူနာပေါင်း လေးသန်းကျော်ပါဝင်သည့် လေ့လာမှုပေါင်း ၃၀ ကို ပြန်လည်သုံးသပ်မှုတစ်ခုအရ သိရသည်။

နှလုံးခုန်နှုန်းမူမမှန်ဖြစ်နေသည့် အမျိုးသမီးများသည် သေ စေလောက်သော နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ ကြုံတွေ့နိုင်ခြေ နှစ်ဆခန့် ပိုများကြောင်း သုတေသီများက ပြောသည်။အမျိုးသမီးများသည် နှလုံးခုန်နှုန်းမူမမှန်မှုအတွက် သုံးစွဲသော ဆေးဝါးများကို တုံ့ပြန်နိုင်မှုနည်းပါးကြောင်း (သို့မဟုတ်) အမျိုးသားများထက် နောက်ကျပြီးမှ ရောဂါရှိကြောင်း စစ်ဆေးတွေ့ရလေ့ရှိ သည်။

ရှောင်လွှဲနိုင်သော သေဆုံးမှုများကို ရှောင်လွှဲနိုင်ရေး ပိုမိုကြိုး စားရန် ဆရာဝန်များအနေဖြင့် လေ့လာတွေ့ရှိမှုများကို သတိထား သင့်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ဗြိတိန်နိုင်ငံတွင် လူပေါင်းတစ်သန်းခန့် နှလုံးခုန်နှုန်းမူမမှန်သည့် ရောဂါဖြစ်နေသည်။ သွေးခုန်နှုန်းကို စက္ကန့် ၃၀ ခန့်အထိ စမ်းကြည့် ခြင်းဖြင့် နှလုံးခုန်နှုန်း မူမမှန်ဖြစ်နေခြင်း ရှိ၊ မရှိ စစ်ဆေးနိုင်သည်။  နှလုံးခုန်နှုန်းနှေးနေခြင်း (သို့မဟုတ်) မြန်နေခြင်းကဲ့သို့ သွေးခုန်နှုန်းအချိန်အခါအလိုက် မူမမှန်ဖြစ်ခြင်းမှာ ကြုံတွေ့နေကျ ကိစ္စတစ်ခုဖြစ်ပြီး စိုးရိမ်စရာမလိုပေ။ သို့သော် ပုံသေမဟုတ်ဘဲ အဆက်မပြတ် မူမမှန်ဖြစ်နေပါက ဆရာဝန်ဖြင့် ပြသသင့်သည်။

အနားယူနေချိန်မှာပင် တစ်မိနစ်လျှင် သွေးခုန်နှုန်းအကြိမ် ၁၀၀ကျော်ပြီး အလွန်မြန်နေပါက ခေါင်းမူးခြင်းနှင့် အသက်ရှူရခက်ခြင်း တို့ဖြစ်လာနိုင်သည်။နှလုံးခုန်နှုန်းမူမမှန်ဖြစ်ခြင်းကို ဆေးဝါးဖြင့် ထိန်းချုပ်နိုင်ပြီး သွေးခဲများဖြစ်ပေါ်ခြင်းကဲ့သို့ လေဖြတ်နိုင်သည့် အန္တရာယ်များကို လျှော့ချနိုင်သည်။

နှလုံးခုန်နှုန်းမူမမှန်သော ရောဂါရှိသူများတွင် နှလုံး၏အပေါ် ဘက်ခြမ်း ကြွက်သားများသည် ကြုံသလို ကျုံ့လေ့ရှိပြီး တစ်ခါတစ်ရံ အလွန်မြန်ဆန်စွာ ကျုံ့သောကြောင့် ကျုံ့ခြင်းနှင့် ချဲ့ခြင်းကြား ကြွက်သားများ သေချာစွာ မဆန့်ထုတ်နိုင်သောကြောင့် သွေးကောင်းစွာ ပို့လွှတ်နိုင်မှုလျော့ကျသွားသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top