iMyanmarHouse.com - Best Property Website for Myanmar
×

ဆားဝက်ခြံတွေ ဖြစ်ပွားတာ အန်မတန် စိတ်ပျက်စရာကောင်းပါတယ်။ မနက်မနက် ကိုယ့်ရုပ်ကို အနီးကပ် မှန်ထဲကြည့်ပြီး ရူးချင်ချင်စိတ်တောင် ဖြစ်စေနိုင်ပါတယ်။ ဆားဝက်ခြံက ချွေးပေါက်ကို ပိတ်ဆို့တတ်ပြီး အရေပြားပေါ်က ချွေးပေါက်တွေမှာ အဆီပို ဖြစ်ပေါ်စေပါတယ်။ ဆားဝက်ခြံတွေဆိုတာ အရေပြားကူးစက်ရောဂါနဲ့ ယောင်ကိုင်းမှု မဖြစ်ပေါ်ခင် ဝက်ခြံထွက်ဖို့ ပထမအဆင့်မှာ တွေ့လေ့တွေ့ထ ရှိပါတယ်။

လူအများစုက မျက်နှာလိမ်း chemical ပစ္စည်းတွေ ဈေးကြီးပေး ဝယ်ကြပါတယ်။ ဒါပေမယ့် အဲဒီအရာတွေက အောက်က သဘာဝဆေးနည်းတွေလောက် ထိရောက်မှု မရှိတဲ့ ယာယီဖြေရှင်းနည်းတွေသာ ဖြစ်ပါတယ်။

သံပုယို၊ ဆားနဲ့ ဆားဝက်ခြံ ကုဆေး ပါဝင်ပစ္စည်းများ

သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဝက်

ဆား ထမင်းစားဇွန်း (၁) ဇွန်း

ရေနွေး (၁) ခွက်

 လမ်းညွှန်ချက်

၁။ ဆား၊ သံပုယိုရည် နဲ့ ရေနွေး လက်ဖက်ရည်ဇွန်း (၁) ဇွန်းကို ခွက်တစ်ခုမှာ ရောစပ်ပါ။

၂။ ရလာတဲ့ အရောအနှောကို မျက်နှာ လိမ်းပေးရပါမယ်။ ဝက်ခြံနေရာတွေကို များများလိမ်းပေးဖို့ လိုပါတယ်။

၃။ စက်ဝိုင်းပုံစံဖြင့် အရေပြားမှာ ညင်သာစွာ ပွတ်လိမ်းပေးဖို့ ပုဝါတစ်ခုခု အသုံးပြုပါ။ အဲဒါကို ၅ မိနစ် လုပ်ပေးရပါမယ်။ ပြန်အေးလာရင် ပုဝါကို ရေနွေးနဲ့ အနွေးဓာတ်ပြန်ပေးပါ။

၎။ ၅ မိနစ်ထားပြီးတဲ့နောက် ရေခဲရေနဲ့ မျက်နှာ သစ်ပေးပါ။

၅။ ဒီနည်းအတိုင်း တစ်ပတ် ၂ ကြိမ်လုပ်ပေးရပါမယ်။

 ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲ

ဆားက ချွေးပေါက်တွေ ရှင်းလင်းပြီး ပွင့်စေတဲ့ ဘက်တီးရီးယား နှိမ်နင်းဆး တစ်မျိုးဖြစ်ပါတယ်။ သံပုယိုကလည်း ရောဂါပိုးတွေ ခုခံ တိုက်ခိုက်ပေးပါတယ်။ ဒါ့ကြောင့် အရေပြား သန့်ရှင်းစေပါ တယ်။ ရေနွေး ကတော့ ချွေးပေါက်တွေ ပွင့်စေပါတယ်။ ဒီပစ္စည်း တစ်ခုချင်းစီမှာ အကျိုးသက်ရောက်မှု တစ်မျိုးစီ ရရှိပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမယ့် အရေပြားကို တော့ မထိခိုက်စေပါဘူး။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top