iMyanmarHouse.com - Best Property Website for Myanmar
×

ချစ်ခြင်းမေတ္တာကို ငွေကြေးဖြင့် ၀ယ်လို့မရ။ သို့သော် ပျော်ရွှင်မှုကိုတော့ ငွေကြေးဖြင့် ၀ယ်လို့ရသည်ဟု သိပ္ပံပညာရှင်များက ဆိုလိုက်ကြသည်။အသုံးအဆောင်၊ စားစရာ၊ ဇိမ်ခံပစ္စည်းစသော ရုပ်ဝတ္ထုပစ္စည်းများကို ငွေကြေးဖြင့် ၀ယ်ယူပိုင်ဆိုင် လိုက်ရခြင်းကြောင့် ၀ယ်ယူပြီး ရက်သတ္တပတ်များ အတွင်းမှသည် လပေါင်းများစွာ ထိတိုင် ပျော်ရွှင်မှုကို ခံစားကြရကြောင်း လေ့လာတွေ့ရှိခဲ့သည်။ ရုပ်ဝတ္ထုပစ္စည်း သာမက၊ ခရီးသွားခြင်း၊ လှူဒါန်းခြင်း၊ ငွေကြေး အကုန်ခံကာ အများအကျိုး ဆောင်ရွက်ခြင်းကဲ့ သို့သော စိတ်ဝတ္ထု ပစ္စည်းများကိုလည်း ငွေကြေးဖြင့် ၀ယ်ယူလို့ ရသည်။

ရုပ်ဝတ္ထု ပစ္စည်းများကို ငွေကြေးဖြင့် ၀ယ်ယူထားသည့်အခါ ထို ၀တ္ထုပစ္စည်းများကို သုံးစွဲရသည့် အခါတိုင်း စိတ်ထဲမှာ ပျော်ရွှင်ကြည်နူးစိတ် ဖြစ်ရသည်ဟု သုတေသီတို့က ဆိုသည်။ ထို့အတူ စိတ်ဝတ္ထုများကို ငွေကြေးဖြင့် ၀ယ်ယူထားသည့် အခါတွင်လည်း ရင်ထဲမှာ နက်နက်နဲနဲ ပီတိစိတ်ကို ခံစားရကာ ပြန်တွေးတိုင်း ပျော်ရွှင် ကျေနပ်စိတ် ဖြစ်ရသည် ဟု သုတေသီတို့က ဆိုလိုက်သည်။

လေ့လာ သုတေသနကို ဗြိတိသျှကို လမ်ဘီယာ တက္ကသိုလ်မှ သုတေသီများက ပြုလုပ်ထားခြင်း ဖြစ်သည်။ လူသားများသည် ရုပ်ဝတ္ထု ပစ္စည်းသော် လည်းကောင်း၊ စိတ်ဝတ္ထု ပစ္စည်းများသော် လည်းကောင်း ၀ယ်ယူလိုက်ပြီးနောက် ရက်သတ္တပတ် နှစ်ပတ်အတွင်း ထိုဝတ္ထုပစ္စည်း နှင့် ပတ်သက်ပြီး ငါးကြိမ်လောက်ထိ ပျော်ရွှင်စိတ် ဖြစ်ကြရကြောင်း လေ့လာ တွေ့ရှိခဲ့ရသည်။

လေ့လာမှု စစ်တမ်းတွင် ပါဝင်သူများကို ဒေါ်လာ(၂၀)စီ ပေးလိုက် ပြီးနောက် ရုပ်ဝတ္ထု ပစ္စည်းဖြစ်ဖြစ်၊ စိတ်ဝတ္ထု ပစ္စည်းဖြစ်ဖြစ် တစ်ခုခုအတွက် အသုံးပြုစေသည်။ ၀ယ်လိုက်သည့် ပစ္စည်းနဲ့ ပတ်သက်ပြီး ရက်သတ္တပတ် နှစ်ပတ်အတွင်း ပျော်ရွှင်စိတ် ခံစားရနှုန်းများကိုလည်း မှတ်တမ်း တင်ထားစေသည်။ ရုပ်ဝတ္ထု ပစ္စည်းဝယ်သူရော၊ စိတ်ဝတ္ထု ပစ္စည်းဝယ်သူရော ပျော်ရွှင်မှုကို ခံစားရသော်လည်း ရုပ်ဝတ္ထု ပစ္စည်း ၀ယ်သူများသည် ပျော်ရွှင်မှုကြိမ်နှုန်း ပိုလို့ပင် များကြသေးကြောင်း တွေ့ရသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ရုပ်ဝတ္ထုပစ္စည်းသည် ကိုင်သုံးလို့ရသဖြင့် ကိုင်သုံး ထိသုံးတိုင်း ပျော်ရွှင်စိတ် ဖြစ်ရသည်။

ယခင်လေ့လာမှု စစ်တမ်း များကလည်း ငွေကြေးသည် ချစ်ခြင်း မေတ္တာကို မ၀ယ်နိုင်သော်လည်း ပျော်ရွှင်မှုကိုတော့ ၀ယ်ယူနိုင်သည်ဟု ဆိုထားကြသည်။ ဥပမာ တီဗီ ၀ယ်ထားနိုင်သူသည် တီဗီကြည့်တိုင်း တီဗီပိုင်ဆိုင်ထားနိုင်ခြင်း အပေါ် ကျေနပ်ပျော်ရွှင်စိတ် ခံစားကြရသည်ဟု သုတေသီတို့က ထောက်ပြသည်။

သို့သော် ရုပ်ဝတ္ထု ပစ္စည်းထက် စိတ်ဝတ္ထု ပစ္စည်းအတွက် ငွေသုံးခြင်းသည် ရေရှည်ပျော်ရွှင်မှု ပိုရစေကြောင်းလည်း ကော်နဲ တက္ကသိုလ်မှ စိတ်ပညာ ပါမောက္ခ ဒေါက်တာ တောမတ်ဂီလိုဗစ်ခ်ျက ဆိုလိုက်ပြန်သည်။

စစ်တမ်း ပါဝင်သူများ၏ စိတ်အခံပေါ် မူတည်ပြီး ရုပ်ဝတ္ထုနှင့် စိတ်ဝတ္ထု ပစ္စည်းများ၏ ပျော်ရွှင်စိတ် သက်ရောက်မှု ကွာခြားနိုင်သော်လည်း ပျော်ရွှင်မှု ခံစားရသည့် ပမာဏချင်းကား သိသိသာသာ ကွာခြားခြင်း မရှိကြောင်း သုတေသီတို့က ဆိုသည်။

ရုပ်ဝတ္ထု ပစ္စည်းပိုင်ဆိုင်မှုသည် ဘ၀အဆင်ပြေ သာယာနေချိန်မျိုးတွင် လူကိုပျော်ရွှင်စိတ် ပိုဖြစ်စေနိုင်ပြီး၊ စိတ်ဝတ္ထု ပစ္စည်းပိုင်ဆိုင်မှုကား ဘ၀ အဆင်မပြေ မသာယာချိန်မျိုးတွင် အတိတ်အကြောင်း ပြန်တွေးရင်း ကြည်နူးပျော်ရွှင်ကာ စိတ်အားတက်ကြွရသည့် အကျိုးရကြောင်း ပါမောက္ခ ဂီလိုဗစ်ခ်ျက ပြောသည်။

Credit : messenger news journal

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top