iMyanmarHouse.com - Best Property Website for Myanmar
×

တောင်ကိုရီးယားနာမည် ကျော် သရုပ်ဆောင်မင်းသမီး ဟွမ်းဂျောင်အွန်းသည် ချစ်သူ ကြေးစား    ဂေါက်ရိုက်သမား၊ စီးပွားရေးလုပ်ငန်းရှင် လီယောဒုံ နှင့်  လာမည့်ဖေဖော်ဝါရီတွင် လက်ထပ်တော့မည်ဟု၎င်း၏ အေဂျင်စီ C-Jes  Entertain- ment က ဇန်နဝါရီ ၇ ရက်တွင် ကြေညာသည်။

ဟွမ်းဂျောင်အွန်းတို့စုံတွဲ သည်   မိတ်ဆွေတစ်ဦး၏  မိတ် ဆက်ပေးမှုမှတစ်ဆင့် ရင်းနှီးခဲ့ပြီး ချစ်သူများ ဖြစ်လာကြကြောင်းနှင့် ဟွမ်းဂျောင်အွန်းသည် ပြီးခဲ့သည့် နှစ်အတွင်း အနုပညာလှုပ်ရှားမှု များနှင့် အလွန်အလုပ်များနေစဉ် ချစ်သူ၏ ရိုးသားမှုနှင့် ယုံကြည်မှု တို့ကြောင့် ကျေနပ်ပီတိဖြစ်ခဲ့ရ ကြောင်း အေဂျင်စီကပြောသည်။

ချစ်သူသက်တမ်း ခြောက်လ ခန့်အကြာတွင် လက်ထပ်ရန် ဆုံး ဖြတ်ရခြင်း အကြောင်းကိုအေဂျင် စီက  ယခုကဲ့သို့ရှင်းပြသည်။ ‘‘သူတို့နှစ်ယောက် ချစ်ကြိုက်နေ တဲ့သတင်း လူသိရှင်ကြားဖြစ်ပြီး တဲ့နောက် နှစ်ဖက်မိသားစုက သူတို့စုံတွဲကို မြန်မြန်လက်ထပ်ဖို့ အကြံပြုခဲ့ပြီး သူတို့တွေကလည်းလက်ခံခဲ့ပါတယ်’’ဟု အေဂျင်စီက ပြောသည်။ ဟွမ်းဂျောင်အွန်း သည် အိမ်ထောင်ပြုပြီးနောက် တွင်လည်း အနုပညာလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဟု အေဂျင်စီက ပြောကြားသည်။

ကေဒရာမာစတား ဟွမ်း ဂျောင်အွန်းသည် ၂၀၁၅ တွင် MBC ရုပ်သံလိုင်း၏ Kill Me, Heal Me နှင့် She Was Pretty ဒရာမာဇာတ်လမ်းတွဲများဖြင့် ပရိ သတ်၏ တစ်ခဲနက်အားပေးမှုကို ရရှိခဲ့ပြီး ၂၀၁၅ ၏ ထိပ်တန်း သရုပ်ဆောင်မင်းသမီးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ အသက် (၃၀)အရွယ်ရှိ ဟွမ်းဂျောင်အွန်း နှင့် လီယောင်ဒုံတို့ ချစ်ကြိုက်နေ ကြောင်း ပြီးခဲ့သည့်ဒီဇင်ဘာ ၈ ရက်က အတည်ပြုခဲ့ခြင်းဖြစ် သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top