iMyanmarHouse.com - Best Property Website for Myanmar
×

နှစ်သစ်မှာ မဖြစ်မနေ ရှေ့တန်းတင် ဆောင်ရွက်ရမယ့် နှစ်သစ် ရီဆိုလူးရှင်း (၅) ချက် ရှိပါတယ်။ အဲ့ဒါတွေကတော့

ကိုယ်အလေးချိန်လျော့ချခြင်း
လုပ်ဆောင်ရမယ့် အချက်များအနက် လူအသိအများဆုံး အချက်ကတော့  ကိုယ်အလေးချိန်လျော့ချခြင်းပဲ ဖြစ်ပါတယ်။ မိမိစားသောက်တဲ့အရာကို မျက်ခြည်မပျက်စေဖို့ နေ့စဉ်မှတ်တမ်းတစ်ခုထားရှိပြီး သူ့နေရာနဲ့ သူစနစ်တကျ စီစဉ်ဆောင်ရွက်ပါ။

အဆက်အသွယ်ပြုလုပ်ပါ
မိသားစုနဲ့ မိတ်ဆွေဟောင်းများနဲ့ အဆက်အသွယ်ပြန်လုပ်တာ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ အပေါင်းအသင်း ခိုင်ခိုင်မာမာရှိသူတွေဟာ မရှိသူများထက် ပိုအသက်ရှည်ကြတယ်လို့ သုတေသနက ဖော်ပြထားပါတယ်။

ဆေးလိပ်ဖြတ်ပါ
ထိရောက်တဲ့ ဆေးလိပ်ဖြတ်နည်းမျိုးစုံ စမ်းသပ်ကြည့်ပြီး ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးများစွာတို့ကို စိတ်ကူးကြည့်ပါ။

ပိုက်ဆံစုပါ
ကျန်းမာရေးနဲ့ ညီညွတ်သော နေ့စဉ်ဘဝနေထိုင်မှုအပြောင်းအလဲများ လုပ်ဆောင်ခြင်းဖြင့် ငွေစုပါ။ အလုပ်ကို လမ်းလျှောက် သို့မဟုတ် စက်ဘီးနဲ့ သွား။ ဒါမှမဟုတ် စုသွားလို့ရတဲ့ နည်းလမ်းတွေ ရှာကြံပါ။ အိမ်မှာပဲ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့်လည်း gym အသင်းဝင်ကြေး ကုန်ကျစရိတ်တွေ လျော့ချပါ။ ကြိုက်သလို ချွေးထွက်စေနိုင်တဲ့ အွန်လိုင်း ကိုယ်ကာယကြံ့ခိုင်မှု အစီအစဉ်များစွာ ရှိပါတယ်။

Volunteer လုပ်ပါ
သူတပါးကို ကူညီပေးတဲ့အခါ ကျွနိုပ်တို့ ပျော်ရွှင်မှု ပိုလာပြီး ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ အကောင်းဘက်မြင်တဲ့ စိတ်ခံစားမှုရှိသူတွေဟာ စိတ်ဓာတ်ကျနေတဲ့ မိတ်ဆွေအပေါင်းအသင်း များထက် နှလုံးရောဂါ ဖြစ်နိုင်ခြေ ၂၀% ပိုမို နည်းပါးကြတယ်လို့ လေ့လာမှုတစ်ခုက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top