iMyanmarHouse.com - Best Property Website for Myanmar
×

အရောင်တစ်ခုခုကို ကြိုက်ခြင်း၊ မကြိုက်ခြင်းက သင့်ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်ပြီး များစွာ စကားပြောပါတယ်။ နှုတ်ခမ်းဆိုးဆေးအရောင် ရွေးချယ်မှုကလည်း သင့်ကိုယ်ရေးကိုယ်တာအကြောင်း ထင်ဟပ်စေပါတယ်။ နှုတ်ခမ်း ရောင် အနု၊ အရင့် ကလည်း သင့်အကြောင်း ပြောဆိုပေးနေတာပါ။

အနီရောင်
အနီရောင်ကို သဘောကျတဲ့ အမျိုးသမီးတွေဟာ ကြောက်စိတ်ကင်းတယ်၊ တက်တက်ကြွကြွ လှုပ်ရှားတတ်ပြီး သဘောထားကြီး ကြပါတယ်။ နောက်ပြီး အရှက် အကြောက်တွေ မရှိကြပါ။ အနီရောင်ဆိုးထားခြင်းဖြင့် လူတွေရဲ့ အာရုံစူးစိုက်မှု ရစေတာကြောင့် အဲဒါကို သင်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ပန်းရောင်
ပန်းရောင်ကို ရွေးချယ်ပါက ဖျတ်လတ်ပြီး လူတွေနဲ့ ရင်းနှီးစွာ ပြောဆိုဆက်ဆံတတ်သူ ဖြစ်ပါတယ်။ ဒီအရောင်ကို ဆိုးတဲ့ အမျိုးသမီးများက ကြင်နာစိတ်ရှိပြီး ပါးနပ်မှုရှိသူပါ။

အညိုရောင်နဲ့ ခရမ်းရင့်ရောင်
အညိုရောင်နဲ့ ခရမ်းရင့်ရောင်ဆိုးထားတဲ့ အမျိုးသမီးများက ငြီးငွေ့မှုဖြစ်တတ်ပြီး စိန်ခေါ်မှုကို လက်ခံကြတယ်။ သူတို့တွေဟာ နားလည်ရခက်ပြီး မတူကွဲပြားဖြစ်မှုကို ထည့်သွင်းစဉ်းစား ကြတယ်။

ပကတိအရောင်
ပကတိရောင် ဆိုးထားသူတွေက ဖွင့်လင်း၊ ရိုးသားပြီး နိမ့်ချမှု ရှိတယ်။ အေးဆေးတည်ငြိမ်တဲ့ သူတို့ဟာ သူတို့ ရုပ်ရည်ကို သံသယကင်း ယုံကြည်မှုအပြည့်ရှိပြီး အရောင်အသွေးများနဲ့ ဖုံးအုပ်ဖို့ စိတ်ကူးမရှိကြပါ။

အနက်ရောင်
အနက်ရောင်နဲ့ အမျိုးသမီးတွေဟာ ခေါင်းမာပြီး ပြောရဆိုရခက်ကြတယ်။ ခက်ခဲတာကိုမှ ချဉ်းကပ်လုပ် ဆောင်တတ်ကြပြီး သူတို့လို လူမျိုးကို စိတ်ဝင်စားမှု ရစေတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top