iMyanmarHouse.com - Best Property Website for Myanmar
×

လွန်ခဲ့တဲ့နှစ်တွေနဲ့ ယှဉ်ရင် သင့်ဆံပင်အရောင် ပြောင်းလာတာ၊ ဆံပင်သားတွေ ပြောင်းလာတာမျိုး သတိပြုမိပါလိမ့်မယ်။ ဒါဟာ စိတ်ကူးယဉ်ပြီး ပြောနေတာမျိုး မဟုတ်ပါဘူး။ သင့်ဆံပင်သားကိုရော၊ ဆံပင်အရောင်ပါ တစ်နှစ်နဲ့တစ်နှစ် ပြောင်းလဲသွားရခြင်း အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။ စိတ်ဖိစီးမှု

သင့်မှာ အလုပ်တွေ ဘယ်နေ့အပြီးလုပ်ရမယ်ဆိုတဲ့ ဖိစီးမှု၊ အချစ်ရေးနဲ့ ပတ်သက်တဲ့ စိတ်ဖိစီးမှုတွေ ရှိနေတယ်ဆိုရင် ဒါဟာ သင်ဆံပင်တွေ ကျွတ်စေတတ်ပါတယ်။ ဒါကို  စိတ်ဖိစီးမှုကို အပြင်းအထန် သုံးလလောက် ခံစားလိုက်ရတယ်ဆိုရင် ပိုသိသာပါတယ်။ ဆံပင်တွေက အထွေးလိုက် ကျွတ်တာမျိုး သင်သတိထားမိလာမှာပါ။ ဒါပေမယ့် ဒါက အမြဲတမ်း ကျွတ်နေမှာတော့ မဟုတ်ပါဘူး။ ခုလို ကျွတ်ပြီး လအနည်းငယ်မှာ ပြန်ပေါက်လာပါလိမ့်မယ်။

၂။အပူဒဏ်

ဆံပင်တွေ ပျက်စီးစေတဲ့အရာတွေထဲမှာ ဆံပင်ကို အခြောက်မှုတ်တဲ့ ဒရိုင်ယာတွေကြောင့်လည်း ပါပါတယ်။ တစ်ခါတစ်လေ သင်အသုံးပြုတတ်တဲ့ ဆံပင်ဖြောင့်စက်၊ ကောက်စက်တွေကြောင့်လည်း သင့်ဆံပင်တွေ ပျက်စီးသွားစေတတ်တာပါပဲ။ အပူဒဏ်ကို ခံရတဲ့ ဆံပင်သားတွေဟာ ကျိုးလွယ်ပြတ်လွယ်တွေ ဖြစ်ကုန်ပါတော့တယ်။ ဒါ့အပြင် အဲ့ဒီအပူတွေကပဲ သင့်ဆံပင်ကာလာကိုလည်း မွဲခြောက်ခြောက်ဖြစ်သွားစေပါသေးတယ်။ ဒါ့အကြောင့် အနိမ့်ဆုံးအပူချိန်ကိုသာ အမြဲထားပြီးဆံပင်အခြောက်ခံတာ၊ ကောက်တာ၊ဖြောင့်တာတွေ လုပ်ပေးဖို့ လိုပါတယ်။

၃။ဓာတုပစ္စည်းများ

ဆံပင်ကာလာဆိုးဖို့ ဆံပင်အရောင်ချွတ်ရပြီဆိုရင် ဘယ်လောက်ကောင်းတဲ့ ချွတ်ဆေးသုံးသုံး သင့်ဆံပင်ကိုတော့ အနည်းအကျဉ်းထိခိုက်ပျက်စီးစေတာပါပဲ။ ဒီတော့ သင့်ဆံပင်ကို အတတ်နိုင်ဆုံး ပျက်စီးမသွားအောင် ဘယ်လို အဆင့်ဆင့် လုပ်ဆောင်ကာကွယ်ရမယ်ဆိုတာ ဆံပင်နဲ့ပတ်သက်တဲ့ ပညာရှင်တွေကို မေးမြန်းဖို့ လိုပါပြီ။ သင်ဟာ ဆံပင်တစ်ခါချွတ်ဆိုးပြီးတိုင်း ဆံပင်ကို treatment ပုံမှန်ပြန်ပေးနိုင်ဖို့ လိုပါတယ်။ မဟုတ်ရင်တော့ သင့်ဆံပင်ဟာ ပျက်စီးမှာပါပဲ။

၎။မျိုးရိုးနဲ့ အသက်အရွယ်

ဆံပင်ဖြူတယ်ဆိုတာ သင့်မျိုးရိုးနဲ့လည်း ပတ်သက်နေပါတယ်။ ဆံပင်ဖြူတယ်ဆိုတာ ဆံသားတွေထဲက ဟိုက်ဒရိုဂျင် peroxide စတာတွေက pigment လေးတွေကို ဖျက်ဆီးပစ်လိုက်တာကြောင့်ပါ။ သင့်မျိုးရိုးမှာ အဲ့ဒီဖျက်ဆီးပစ်တဲ့ ဓာတ်လေးတွေ များနေတယ်ဆိုရင်တော့ သင်ဟာ ဆံပင်ဖြူကို ဖြူမှာပါပဲ။ ဒါ့အပြင် သင့်မျိုးရိုးရဲ့ ဆံပင်သား၊ အရောင်စတာတွေကလည်း သင့်ဆံပင်နဲ့ ပတ်သက်ဆက်နွယ်နေပါလိမ့်မယ်။ ဆံသားသေးတာ၊ ဆံသားကြီးတာ၊ နက်တာ၊ ညိုတာ စတာတွေကလည်း သင့်မျိုးရိုးပေါ် မူတည်ပြီး တစ်ဦးနဲ့တစ်ဦး မတူနိုင်ပါဘူး။

၅။ဆေးဝါးနဲ့ နာမကျန်းမှု

သင့်ဆံပင်တွေ ကျွတ်ပြီဆိုရင် သင်ထည့်သွင်းစဉ်းစားရမယ့်အရာက ငါ ဆေးတွေဘာတွေ သောက်နေရတာ ရှိသလားဆိုတာပါပဲ။ ဒါ့အပြင်သင်ဟာ နှစ်ရှည်လများ နာမကျန်းဖြစ်နေ တာကြောင့် ဆေးဝါးတွေ သောက်နေရတယ်ဆိုရင်လည်း သင်ဟာ ဆံပင်ကျွတ်တာမျိုးတေါ ကြုံနိုင်ပါတယ်။ ဒါ့အပြင် သင်ဟာ ၀ိတ်ချနေတဲ့အချိန်မျိုးတွေဆိုရင်တော့ သင့်ဆံပင်သားတွေ ပါးတာမျိုးတွေ ဘာတွေ ဖြစ်နိုင်ပါတယ်။

၆။ ကိုယ်ဝန်ဆောင်ချိန်

အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်ချိန်ဆိုရင် သူတို့ရဲ့ ဆံပင်သားတွေဟာ ပိုတောက်ပြောင်တာမျိုး၊ ဆံပင်သားပြောင်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း ဆံပင်ကျွတ်တာမျိုးတွေ ဘာတွေ ရှိနိုင်ပါသေးတယ်။  ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန် ကြုံတွေ့ရတဲ့အချိန် ခဏပါပဲ။ နောက်ပိုင်းမှာတော့ အရင်လိုပဲ ပုံမှန်ပြန်ဖြစ်သွားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top