iMyanmarHouse.com - Best Property Website for Myanmar
×

မလိုအပ်တဲ့ အပေါ်နှုတ်ခမ်းအမွေးအမျှင်တွေကြောင့် အခက်တွေ့နေလား။ နာကျင်မှု တစ်ချက်မခံစားရဘဲ အလွယ်တကူ ဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

ဒီလွယ်ကူတဲ့ အဆင့်လေးတွေကို ဖတ်ရှုလေ့လာပြီး မလိုအပ်တဲ့ အပေါ်နှုတ်ခမ်းအမွေးအမျှင်တွေကို အိမ်မှာတင် ရှင်းလင်းနိုင်ပါတယ်။

·         နနွင်းနဲ့ နွားနို့ကို  ခပ်ဖျစ်ဖျစ်လေးဖြစ်အောင် ဖော်စပ်ပါ။ ညင်သာစွာ လိမ်းပြီး ခြောက်သွားပြီးနောက် ရေနဲ့ ဆေးချရပါမယ်။

·         ကြက်ဥအကာကို ဂျုံမှုန့်နဲ့ သကြားနဲ့ ရောစပ်ပါ။ အဲဒီအရောအနှောကို လိမ်းပေးပြီး မိနစ် ၃၀ ကြာပြီးနောက် ရေဖြင့် ဆေးကြောရပါမယ်။

·         သကြားနဲ့ သံပုယိုရည် ရောစပ်၊ အပေါ်နှုတ်ခမ်းမှာ လိမ်းပြီး ၁၅ မိနစ်ခန့် ထားပြီးနောက် ရေဖြင့် ဆေးကြောသန့်စင်ပါ။

·         လျင်မြန်တဲ့ အကျိုးရလဒ် ရစေဖို့ ဒိန်ချဉ်၊ ဂျုံမှုန့်၊ နနွင်းတို့နဲ့ လုပ်ထားတဲ့ ခပ်ဖျစ်ဖျစ်အရည်ကို စမ်းသုံးကြည့်ပါ။

·         မက်မွန်ဆီ အနည်းငယ်ကို အပူပေးပြီး အပေါ်နှုတ်ခမ်းပေါ် လိမ်းပေးပါ။ အသားရေ ဝင်းလက်စေရုံမက အသားအရေးကိုပါ အာဟာရဖြစ်စေပါလိမ့်မယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top