iMyanmarHouse.com - Best Property Website for Myanmar
×

စိတ်ဓာတ်ကျတဲ့ ဝေဒနာဟာ သူ့အလိုလို ပျောက်သွားတတ်တဲ့ အရာမဟုတ်ပါဘူး။

စိတ်ဓာတ်ကျနေတယ်လို့ ခံစားရပြီဆိုရင် တစ်ခုခုလုပ်မှ ဖြစ်မှာပါ။ ဆရာဝန်ဆီ သွားစရာမလိုဘဲ စိတ်ကျဝေဒနာကို ကိုယ့်ဘာသာ သက်သာအောင်လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

၁။ လေ့ကျင့်ခန်းလုပ်ပါ။
တစ်ရက်ကို ၁၅ မိနစ်ကနေ မိနစ် ၃၀ အတွင်း လမ်းလျှောက်ပါ။ ဒါမှမဟုတ် ကပါ၊ ပြေးပါ ဒါမှမဟုတ် စက်ဘီးစီးပါ။ အေရိုးဗစ်လုပ်ပါ။ ဒါမှမဟုတ် ယောဂကျင့်ပါ။ အဲဒီလို လေ့ကျင့်ခန်းတစ်ခုခုကို ပုံမှန်လုပ်ပေးရင် မကြာခင်မှာပဲ စိတ်ခံစားချက်ပြောင်းလာတာကို သတိထားမိလာပါလိမ့်မယ်။

၂။ အာဟာရပြည့်တဲ့ အစားအစာတွေ စားပါ။
စိတ်ကျဝေဒနာဟာ အစာစားချင်စိတ်ကိုပါ သက်ရောက်နိုင်ပါတယ်။ လုံးလုံး စားချင်စိတ်မရှိတာ ဖြစ်နိုင်သလို အလွန်အမင်း စားနေတာလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျဝေဒနာက ကိုယ့်ရဲ့ အစာစားတဲ့ပုံစံမှာ သက်ရောက်လာပြီဆိုရင် အာဟာရ ပြည့်ဝတဲ့ အစားအစာတွေ စားရပါ့မယ်။ သင့်လျော်တဲ့ အာဟာရဓာတ်ဟာ လူတစ်ယောက်ရဲ့ စိတ်ခံစားချက်နဲ့ စွမ်းအင်ကို လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပြီး အစာကို အချိန်မှန်စားပါ။

၃။ ပြဿ     နာတွေကို ဖော်ထုတ်ပါ။ ဒါပေမဲ့ ဖက်တွယ် မထားပါနဲ့။
ဘယ်လိုပြဿ    နာတွေကြောင့် ကိုယ် စိတ်ကျဝေဒနာ ခံစားရသလဲဆိုတာ ဖော်ထုတ်နိုင်ဖို့ ကြိုးစားပါ။ အဖြေကို သိရင် ကိုယ့်အပေါ် ဂရုစိုက်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောပါ။ ရင်ဖွင့်လိုက်တဲ့အတွက် ခံစားချက်တွေ ပေါ့သွားပြီး နားလည်မှုပေးတဲ့ စကားသံလည်း ကြားရပါလိမ့်မယ်။

၎။ ကိုယ်နှစ်သက်ရာ တစ်ခုခုကို လုပ်ပါ။
စိတ်ဓာတ်ကျနေရင် ကိုယ့်ရဲ့ တီထွင်နိုင်စွမ်းရည်နဲ့ ပျော်ရွှင်တဲ့စိတ်တွေက ပျောက်နေတတ်ပါတယ်။ ကိုယ် ဝါသနာပါရာ တစ်ခုခုကို လုပ်ပါ။ သူငယ်ချင်း ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန်လေးနဲ့ ကစားပေးပါ။ ကိုယ်ပျော်နိုင်မယ်ထင်တဲ့ အရာတစ်ခုခု လုပ်ပါ။ ဟာသရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် ရယ်စရာတစ်ခုခု ရှာဖွေပါ။  ရယ်မောလိုက်ခြင်းအားဖြင့် စိတ်ညစ်နေတာတွေ ပေါ့သွားနိုင်ပါတယ်။

၅။ ကောင်းမွန်တဲ့အရာတွေကို သတိထားမိအောင် ကြိုးစားပါ။
စိတ်ကျဝေဒနာက လူတစ်ယောက်ရဲ့ အတွေးတွေကို သက်ရောက်မှုရှိပါတယ်။ အရာအားလုံးကို စိတ်ပျက်စရာအဖြစ် မြင်ပြီး မျှော်လင့်ချက် ကင်းမဲ့နေတတ်တယ်။ စိတ်ဓာတ်ကျနေတဲ့ ခံစားချက်ကြောင့် မကောင်းတာတွေကိုပဲ သတိထားနေမယ်ဆိုရင် ကိုယ့်ဘဝရဲ့ ကောင်းမွန်မှုတွေကို သတိထားမိလာအောင် ကြိုးစားပါ။ တစ်ခုကို သိပြီဆိုတာနဲ့ နောက်တစ်ခုကို ထပ်စဉ်းစားပါ။ ကိုယ့်ရဲ့ အားသာချက်တွေကို စဉ်းစားပါ။

တစ်ခုမမေ့ရမှာပါက စိတ်ရှည်ဖို့ပါပဲ။ စိတ်ကျဝေဒနာဆိုတာ ကုသဖို့ အချိန်ယူရပါတယ်။

Credit : Kids Health

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top