iMyanmarHouse.com - Best Property Website for Myanmar
×

 တေလာနဲ့ ဆယ်လီနာတို့ဟာ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိခဲ့ပါပြီ။အောင်မြင်ကျော်ကြားတဲ့ အဆိုတော်မလေး နှစ်ဦးဖြစ်တဲ့ တေလာဆွစ်ဖ်နဲ့ ဆယ်လီနာ ဂိုမက်ဇ်တို့ဟာ အချစ်ဆုံး သူငယ်ချင်းတွေလို့ ပရိသတ်တွေ သိကြပါတယ်။

သောကြာနေ့က တေလာနဲ့ ဆယ်လီနာက ချုံပုတ်ထဲမှာ တိုးဝင်ရင်း တူတူပုန်းတမ်း ကစားနေဟန် သူတို့နှစ်ဦးရဲ့ ဓာတ်ပုံကို ပရိသတ်များထံ ဝေမျှခဲ့ကြပါတယ်။ သူတို့နှစ်ဦး အင်စတာဂရမ်မှာ လွှင့်တင်ခဲ့ကြတဲ့ ဓာတ်ပုံတွေကို တေလာရဲ့ Out of the Woods သီချင်းထဲက သီချင်းစာသားတွေ ရေးသားထားကြပါတယ်။

တေလာက အင်စတာဂရမ် ဓာတ်ပုံနဲ့အတူ Are we out of the woods yet? ဆိုတဲ့ စာညွှန်းရေးသားခဲ့သလို ဆယ်လီနာကလည်း Are we in the clear yet? လို့ ရေးသားခဲ့ပါတယ်။ တေလာရဲ့ အင်စတာဂရမ် ဓာတ်ပုံကို Like လုပ်ထားသူ ၁.၈ သန်းရှိပြီး ဆယ်လီနာ လွှင့်တင်ခဲ့တဲ့ ဓာတ်ပုံကို ပရိသတ် ၁.၇ သန်းက Like လုပ်ထားတာ တွေ့ရပါတယ်။

တေလာနဲ့ ဆယ်လီနာတို့ဟာ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိခဲ့ပါပြီ။

Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top