iMyanmarHouse.com - Best Property Website for Myanmar
×

အကိုက်အခဲပျောက်ဆေးက ကိုယ်ဝန်ဆောင်ချိန်မှာ နာကျင်ကိုက်ခဲမှုဝေဒနာ ပျောက်ကင်းသက်သာစေဖို့ ဘေးကင်းလုံခြုံမှုရှိတဲ့ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်ပါတယ်။ သင့်ဗိုက်ထဲက ကလေးဟာ မိန်းကလေးဖြစ်ခဲ့မယ်ဆိုရင် သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ သားအိမ်အတွင်း ဒီဆေးနဲ့ ထိတွေ့ခဲ့တဲ့ ကလေးဟာ မျိုးဥ ပိုနည်းနိုင်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

ကြွက်တွေမှာ စမ်းသပ်လေ့လာမှုများအရ တစ်ရက်ထိတွေ့နေရုံဖြင့် ကလေးတွေကို မျိုးဥပိုမိုလျော့နည်းပြီး သားအိမ်ပိုသေးငယ်စေကြောင်း တွေ့ရှိခဲ့ပါတယ်။ သူတို့ကိုယ်တိုင်ပြန်မွေးလာတဲ့ သားသမီးတွေမှာ မျိုးအောင်နိုင်မှု ပိုနည်းကြပါတယ်။

အမျိုးသားတွေမှာ သုတ်အဖြစ် ကြီးထွားပြောင်းလဲသော ဆဲလ်တွေ ပိုနည်းကြတယ်။ Sheffield University မှ မျိုးပွားမှုဆိုင်ရာ အထူးကျွမ်းကျင်ပညာရှင် Allan Pacey က မျိုးဆက်နှစ်ဆက်ထိ ဆက်လက်ကျန်ရှိနိုင်တဲ့ အချက်က အကိုက်အခဲပျောက်ဆေးများက DNA မှာ ပြောင်းလဲမှုတွေ ပေါ်စေကြောင်း ပြောဆိုခဲ့ပါတယ်။

Edinburg University က သုတေသနပညာရှင်များက သူတို့လေ့လာမှုဟာ လူသားနဲ့ ကြွက်တို့ မျိုးပွားမှုစနစ် နှစ်ခု တူညီမှုကို ထောက်ဆရင် အလွန်အရေးပါကြောင်း ပြောဆိုခဲ့ကြပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top