iMyanmarHouse.com - Best Property Website for Myanmar
×

ကော်ဖီသောက်သုံးခြင်းက နှလုံးရောဂါဖြစ်ပွားစေတယ်ဆိုတဲ့ ယူဆချက်မှားယွင်းကြောင်း သုတေသီတွေက လေ့လာချက်အသစ်တစ်ခုနဲ့ ရှင်းပြလိုက်ပါတယ်။ ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်ဟာ နှလုံးကို ဘေးဥပါဒ် မဖြစ်စေတဲ့အပြင် ပိုပြီးတောင်ကျန်းမာစေကြောင်း ကယ်လီဖိုးနီးယားနဲ့ ဆန်ဖရန်ဆစ္စကို သုတေသီတွေက သတိပေးလိုက်ပါတယ်။

အထူးသဖြင့် မနက်ခင်းကော်ဖီပြင်းပြင်းတစ်ခွက် သောက်ခြင်းဟာ နှလုံးထိခိုက်မှု မရှိစေတဲ့အပြင် အခြား ကျန်းမာရေးကောင်းကျိုးတွေကိုပါ ရစေပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်က နှလုံးသွေးလွှတ်ကြောကို ပိုကောင်းမွန်စေတယ်လို့ သုတေသီတွေက ထောက်ပြကြပါတယ်။ လူတွေထင်နေကြသလို နှလုံးခုန်မြန်ခြင်းကို မဖြစ်ပွားစေဘူးလို့ ဆိုပါတယ်။ ကော်ဖီအပြင် မနက်ခင်းမှာ ချောကလက်နဲ့ လဘက်ရည်သောက်သုံးပေးခြင်း ကလည်း ဒီလိုပဲ အကျိုးကျေးဇူး ရစေပါတယ်။ ကော်ဖီသောက်တာဟာ နှလုံးရောဂါ ဖြစ်ပွားစေတယ်ဆိုပြီး အယူရှိသူတွေအနေနဲ့ ပြန်လည်စဉ်းစားဖို့ အချိန်ရောက်ပြီလို့ သုတေသနကို ပြုလုပ်ခဲ့သူ ဒေါက်တာ ဂရက်ဂိုရီမားကပ်စ်က ပြောပါတယ်။

ခြွင်းချက်အနေနဲ့ ငယ်စဉ်ကတည်းက သို့မဟုတ် အရင်ကတည်းက နှလုံးခုန်တာ မြန်နေသူတွေ၊ သို့မဟုတ် နှလုံးရောဂါ အခံရှိသူတွေကတော့ ကော်ဖီများများ သောက်သုံးခြင်းနဲ့ ခပ်ပြင်းပြင်း သောက်သုံးခြင်းကို ရှောင်သင့်တယ်လို့ အကြံပြုထားပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top