iMyanmarHouse.com - Best Property Website for Myanmar
×

လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် သင် ဘာလုပ်လေ့ရှိပါသလဲ၊ လေ့ကျင့်ခန်းလုပ်ပြီး အိမ်ပြန်ကာ ဆိုဖာပေါ် ထိုင်နေလေ့ရှိခြင်း (သို့မဟုတ်) နံနက်ပိုင်း လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးအဝတ်အစားလဲကာ အလုပ်သို့သွားခြင်းမျိုး ပြုလုပ်လေ့ရှိပါသလား။ ယင်းကဲ့သို့ ပြုလုပ်လေ့ရှိပါက လေ့ကျင့်ခန်းလုပ်ပြီးနောက် အမှားတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ လုပ်မိနေပြီဟု ဆိုလိုသည်။

လေ့ကျင့်ခန်းလုပ်ပြီးနောက် ကျန်းမာရေးနှင့်အညီ နေထိုင်ရေး နည်းလမ်းမှာ အကောင်းဆုံးကိုယ်လက်ကြံ့ခိုင်မှုအတွက် မရှိမဖြစ် လိုအပ်သည်။ အကယ်၍ ကိုယ်အလေးချိန် လျှော့ချရန် ကြိုးစားနေပါက လေ့ကျင့်ခန်းလုပ်ပြီးနောက် ပြုမူနေထိုင်ပုံများသည် သင်၏ကိုယ် အလေးချိန် လျှော့ချရေးစီမံကိန်းကို အောင်မြင်စေနိုင်သည် (သို့မ ဟုတ်)ပျက်ပြယ်သွားစေနိုင်သည်။

ထို့ကြောင့် လူတိုင်းရှောင်ရှားနိုင်ရန် လေ့ကျင့်ခန်းလုပ်ပြီး နောက် ပြုလုပ်လေ့ရှိသော အမှားများကို ဖော်ပြပေးလိုက်ပါသည်။လေ့ကျင့်ခန်း မလုပ်ခဲ့သကဲ့သို့ စားသောက်ခြင်းမှာ မှားယွင်း သော အလေ့အထတစ်ခုဖြစ်သည်။ လေ့ကျင့်ခန်းလုပ်ပြီးနောက် စားသောက်သော အာဟာရဓာတ်မှာ ကြံ့ခိုင်သော၊ ကျန်းမာသောခန္ဓာ ကိုယ်ကို ထိန်းသိမ်းထားရန် အရေးပါသည်။ ထို့ကြောင့် လေ့ကျင့်ခန်းလုပ်ပြီးနောက် စားသောက်ရမည့်အစားအသောက်များကို သိထား ရန် လိုသည်။ လေ့ကျင့်ခန်းလုပ်ချိန်အတွင်း ကုန်ဆုံးသွားသည့်အရေးကြီးသော အာဟာရဓာတ်များပြန်လည်ရရှိစေရန်နှင့် ပြန်လည်အား အင်ပြည့်ဖြိုးရေးလုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေရန် ပရိုတင်း ဓာတ်များနှင့် ကာဗိုဟိုက်ဒရိတ် သင့်တင့်စွာ ပေါင်းစပ်ပါဝင်သော အစားအစာများ စားပေးရန် ကျွမ်းကျင်သူများက လမ်းညွှန်ထား သည်။

လေ့ကျင့်ခန်းလုပ်ပြီးနောက် သွားစရာနေရာမရှိသကဲ့သို့ အ ကြောလျှော့ခြင်းပြုလုပ်ပါ။ လေ့ကျင့်ခန်းပြုလုပ်သူအများစုသည် အ ကြောလျှော့လေ့မရှိဘဲ ရေချိုးပစ်လေ့ရှိကြသည်။ လေ့ကျင့်ခန်းလုပ် ပြီးနောက် အကြောလျှော့ခြင်းမှာ ကျန်းမာသော အရိုးအဆစ်များ၊ ကျန်းမာသော ကြွက်သားများကို ထိန်းသိမ်းရန်နှင့် ထိခိုက်ဒဏ်ရာရမှု ကို ကာကွယ်ရန်အတွက် အရေးကြီးသည်။

လေ့ကျင့်ခန်းလုပ်ပြီးနောက် လူအများစုသည် မလှုပ်မယှက် အနားယူပစ်လေ့ရှိကြသည်။ သို့သော် ပေါ့ပေါ့ပါးပါး လှုပ်ရှားသွား လာခြင်းနှင့် ကယ်လိုရီများ စနစ်တကျ ဆက်လက် လောင်ကျွမ်းစေ ရေးအတွက် လှုပ်လှုပ်ရှားရှားဆက်နေရန် လိုအပ်သည်။လေ့ကျင့်ခန်းလုပ်လိုက်ပြီးနောက် ဖြစ်ပေါ်လာသော ခံစားချက် များကို ချရေးထားခြင်းဖြင့် လေ့ကျင့်ခန်းရှည်လုပ်ဖြစ်ရန် အထောက် အကူပြုလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောသည်။

လေ့ကျင့်ခန်းလုပ်ခြင်းကို သက်မွေးအလုပ်ကဲ့သို့ အစီ အစဉ်ချ၍ ပြုလုပ်ပါ။ လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် နောက်တစ်ကြိမ် လေ့ကျင့် ခန်းလုပ်ရန် အစီအစဉ် ရေးဆွဲထားသင့်သည်။ ယင်းသို့ စီစဉ်ထား သောကြောင့် နောက်တစ်ကြိမ် လေ့ကျင့်ခန်းလုပ်ရာတွင် ပြီးမြောက် စေရန် အထောက်အကူပြုပါလိမ့်မည်။

အကောင်းဆုံးကိုယ်အလေးချိန်လျှော့ချရေး လေ့ကျင့်ခန်းအစီ အစဉ်များတွင် မတူညီသော ကိုယ်လက်လှုပ်ရှားမှုများ၊ မတူညီသောလေ့ကျင့်ခန်းလုပ်ချိန်နှင့် မတူညီသော လေ့ကျင့်ခန်းအမျိုးအစားများ ပါဝင်သည်။ ကိုယ်အလေးချိန်လျှော့ချရေး မှန်ကန်သော လေ့ကျင့် ခန်းများပြုလုပ်ရန် လိုအပ်သည်။ 

Credit : 7day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top