iMyanmarHouse.com - Best Property Website for Myanmar
×

ဖခင်၏ ကျန်းမာရေးပြန် လည်ကောင်းမွန်လာသဖြင့် အနု ပညာလုပ်ငန်းများကို ယခင်အ တိုင်း ပြန်လည်ဆောင်ရွက်မည်ဖြစ်ပြီး တစ်ကိုယ်တော်အခွေ မြူးဇစ်အမ်တီဗီကို ယခုနှစ်အတွင်း ထွက်ရန်ကြိုးစားစီစဉ်နေ သည်ဟု သရုပ်ဆောင် ချစ်စနိုးဦး က ပြောသည်။

‘‘စနိုးရဲ့အဖေ ကျန်းမာရေး ကြောင့်လည်း အနုပညာအလုပ် တွေ မလုပ်ဖြစ်သလောက်ကို ဖြစ် သွားတယ်။ အခု အဖေပြန်နေ ကောင်းပြီး ပြန်လုပ်တဲ့အခါကျ အရင် ပြောထားသလို အဖေနေ မကောင်းလို့ မလုပ်သေးဘူးလို့ ထင်တဲ့သူတွေလည်းရှိတယ်’’ဟု ချစ်စနိုးဦးက ပြောသည်။

၂၀၁၃ က ထွက်ရှိခဲ့သည့် ၎င်း၏ တစ်ကိုယ်တော်အခွေ ‘ခို နားခွင့်ပေးပါ’ မြူးဇစ်အမ်တီဗီကို ရိုက်ကူးလျက်ရှိပြီး လက်ရှိတွင် တေးသီချင်းလေးပုဒ်ခန့်ရိုက်ကူး ပြီးစီးပြီဖြစ်ကြောင်း ၎င်းက ဆို သည်။

‘‘သီချင်းက ၁၂ ပုဒ်မှာ လေး ပုဒ်ပဲပြီးသေးတယ်။ အခုခေတ်က အမ်တီဗီတွေ တစ်ပုဒ်ဆိုတစ်ပုဒ်ပိုက်ဆံအများကြီး အကုန်ခံပြီး ခမ်းခမ်းနားနားကြီးကို ရိုက်လာကြတယ်။ စနိုးလည်း ကိုယ့်အခွေ ကို ပစ်စလက်ခတ်မလုပ်ချင်ဘူး။ တကယ်ရိုက်ရင် ပိုက်ဆံလည်း အများကြီးကုန်တော့ အရင်အဖေ့ အတွက် ကုန်ကျစရိတ်တွေများ ထားတော့ အခုသီချင်းလေးဆို၊ ပိုက်ဆံလေးစုလိုက်၊ ပြန်ဆိုလိုက် ဆိုတော့ နည်းနည်းအချိန်ယူနေရ လို့ပါ’’ဟု ချစ်စနိုးဦးကပြောသည်။

တစ်ကိုယ်တော်စီးရီးထဲတွင် အမ်တီဗီရိုက်ကူးပြီးစီးသည့် တေးသီချင်းများကို အခွေမထွက်မီ အွန်လိုင်းတွင် Single Song အဖြစ်ရောင်းချရန် အစီအစဉ်ရှိကြောင်း ချစ်စနိုးဦးက ပြောသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top