iMyanmarHouse.com - Best Property Website for Myanmar
×

ကျွန်ုပ်တို့ နေ့တိုင်း အစားအသောက် ဝယ်ကြပါတယ်။ သက်တမ်းကုန်ဆုံးရက်ကို ကြည့်လေ့ရှိတယ်။ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေ လတ်ဆတ်မှုရှိမရှိကိုလည်း ကြည့်ကြပေမယ့် အစားအသောက်ပေါ်က နံပါတ်တွေ ဘာကို ဆိုလိုသလဲဆိုတာ မေးဖူးကြပါသလား။ အဲဒါတွေဟာ သင် ထင်ထားတာထက် များစွာအရေးကြီးနေပါတယ်။ စူပါမားကတ်တွေမှာ သစ်သီးဝလံတွေကို ၀ယ်တော့မယ်ဆို စတစ်ကာပေါ် ပုံနှိပ်ထားတဲ့ ကိန်းဂဏန်းများက ဈေးနှုန်းသတ်မှတ်ချက် စစ်ဆေးဖို့ price look – up (PLU) လို့ သိရပါတယ်။

နံပါတ် ၄ လုံး သို့မဟုတ် ၅ လုံး တို့က အစားအသောက်ကို မျိုးရိုးဗီဇပြောင်းလဲထားတာလား၊ သဘာဝအတိုင်း စိုက်ပျိုးထားခြင်းလား သို့မဟုတ် ပိုးသတ်ဆေး/ ပေါင်းသတ်ဆေး သုံးစိုက်ပျိုးထုတ်လုပ်တာလား ဆိုတာ ခွဲခြားစေမှာ ဖြစ်ပါတယ်။

သိထားဖို့ လိုအပ်သည့် အချက်များ

4 – Digit PLU Code နံပါတ် ၄ လုံးပါ ကုဒ်
ဥပမာ ပန်းသီးပေါ်မှာ တွေ့ရတဲ့ ဒီ 4-Digit PLU Code က ငွေသိမ်းကောင်တာက စာရေးမလေးကို ဘယ်ဟာက small Fuji (4129)၊ ဘယ်ဟာက Honeycrisp (3283) သိပြီး ဘယ်လောက် ကျသင့်လဲဆိုတာနဲ့ အသေးစိတ်စာရင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ PLU မှာ နံပါတ် ၄ လုံးသာ ပါရင် အဲဒီထုတ်ကုန်ဟာ ပိုးသတ်ဆေးအသုံးပြု စိုက်ပျိုးထုတ်လုပ်တာ ဆိုလိုပါတယ်။

5 – Digit PLU Code နံပါတ် ၅ လုံးပါ ကုဒ်
(၁) ၈ နဲ့စပြီး PLU code မှာ ဂဏန်း ၅ လုံးပါရင် မျိုးရိုးဗီဇပြောင်းလဲ စိုက်ပျိုးထား (genetically modified GMO) တဲ့ ဟင်းသီးဟင်းရွက် သို့မဟုတ် သစ်သီး ဖြစ်ပါတယ်။ GMO ငှက်ပျောသီးက 84011 ပါ နေပါလိမ့်မယ်။(၂) ၉ နဲ့ စတဲ့ ဘယ်ဟာမဆို သဘာဝမြေသြဇာသုံး (organic) စိုက်ပျိုးထုတ်လုပ်တာဖြစ်တယ်။ Organic banana နံပါတ်က 94011 ဖြစ်ပါလိမ့်မယ်။

PLU Code တွေကို ဘယ်လောက်ထိ ယုံကြည်ရမှာလဲ
နံပါတ် ၉ ကလွဲလို့ တခြားနံပါတ်တွေအားလုံးက အလကားသက်သက်သာ ဖြစ်ပါတယ်။ နံပါတ် ၈ ကို စားသုံးသူများမှ အသုံးပြုဖို့ စဉ်မံထားခြင်းတော့ မဟုတ်ပါ။ လက်လီဖြန့်ချိသူ GMO နဲ့ non-GMO ကို ခွဲခြားသိနိုင်ဖို့ ဖန်တီးထားခြင်း ဖြစ်ပါတယ်။

GMOs ကို ရှောင်ကြဉ်ဖို့ သိထားရမယ့် အချက်များ
GMO free လို့ အမှတ်တံဆိပ် ကပ်ထားတဲ့ ကုန်ပစ္စည်းကို ရှာကြည့်ပါ။သဘာဝ မြေသြဇာသုံး ထုတ်ကုန်ကို ဝယ်ပါ။ ဒေသတွင်း ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်တဲ့ အစားအစာကို ဝယ်ယူပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top