iMyanmarHouse.com - Best Property Website for Myanmar
×

ကလေးများတွင်ကင်ဆာရောဂါဖြစ်ပွားပါကအသက်(၁၀) နှစ်မတိုင်မီကုသလျှင်ပျောက်ကင်းနိုင်ခြေရှိသဖြင့်
 ဆောလျင်စွာ ကုသသင့်ကြောင်း ကလေးအထူးကုဆရာဝန်ကြီးအချို့က တိုက်တွန်းသည်။

‘‘ကလေးကင်ဆာက လူကြီးကင်ဆာထက် ကုသရင် ပိုမိုကောင်းမွန်နိုင်တယ်။ အရမ်းမဆိုးရင် ပြန်ကောင်းနိုင်ခြေအရမ်းများတယ်။ ဒါကြောင့် စောစောသိအောင် လုပ်ရမယ်။ ကုသတဲ့အခါ ကလေးအသက်အရွယ်ဆိုရင် ငယ်လွန်းတဲ့ လသားအရွယ်လေး တွေကျတော့လည်း ကုရခက်တယ်။ လူကြီးနား အရမ်းနီးရင်လည်း ကုလို့မရဘူး။ သွေးကင်ဆာမှာဆိုရင် တစ်နှစ်သားအရွယ် ကလေးငယ်တွေက အကောင်းဆုံးပဲ။ (၁၀)နှစ်အထက်ဆို မကောင်းနိုင်ဘူး’’ဟု ရန်ကုန်ကလေးဆေးရုံ သွေးရောဂါနှင့် ကင်ဆာဌာနမှ အထူးကုဆရာဝန်ကြီး ဒေါက်တာ တင့်မျိုးလင်းက ပြောသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် ကလေးအသက်(၁၂)နှစ်အရွယ်အထိ လက်ခံကုသပေးလျက်ရှိကြောင်းနှင့် ကလေးများတွင်သွေးကင်ဆာဖြစ်ပွားလျှင် ပျောက်ကင်းနိုင်ခြေရှိခြင်းကြောင့် စောစောသိပါက ဆောလျင်စွာ ကုသမှုခံယူသင့်ကြောင်း ၎င်းကဆက်လက် အကြံပြုသည်။

ကလေးသူငယ်များ၌ ဖြစ်ပွားတတ်သော ကင်ဆာရောဂါ အမျိုးအစားများမှာ များသောအားဖြင့် ဆဲလ်များတွင် ဒီအင်န်အေပြောင်းလဲဖြစ်ပွားမှုကြောင့် ရရှိလာခြင်းဖြစ်ပြီး လူကြီးများကဲ့သို့ ဘဝနေထိုင်မှုပုံစံ၊ ပတ်ဝန်းကျင်တို့နှင့် တိုက်ရိုက်ပတ်သက်ဆက်နွှယ်မှု နည်းပါးခြင်းကြောင့်လည်း ကလေးများ၌ ကင်ဆာဖြစ်ပွားသည်ကို သိရှိမှုနည်းပါးနေသေးကြောင်း သိရသည်။

ကလေးကင်ဆာသည်လူကြီး ကင်ဆာထက် ကုသရလွယ်ကူကာ ဓာတ်ကင်ကုထုံးများဖြင့် ကုသနိုင်သော်လည်း စဉ်ဆက်မပြတ်စောင့်ကြပ်ကုသမှု မပြုလုပ်နိုင်ပါက အသက်ဆုံးရှုံးမှုနှုန်း မြင့်မားနိုင်ကြောင်း ကလေးအထူးကုဆရာဝန်ကြီးအချို့က ပြောသည်။

‘‘ကျွန်တော်တို့ဆေးရုံကိုလာတဲ့ ကလေးကင်ဆာရောဂါသည်က အယောက် ၅၀၀ လောက်ရှိတယ်။ ဒီကလေးတွေထဲက ရန်ကုန်နဲ့ ဧရာဝတီအများဆုံးပဲ။ မွန်၊ ပဲခူးတိုင်းက လာကုတာရှိတယ်။ မကွေး၊ မင်းဘူး၊ ချင်းပြည်နယ်တွေကလည်း လာကြတယ်။ ရခိုင်၊မင်းပြား၊ ကော့သောင်းကလည်း လာကြတယ်။ ကမ္ဘာ့ကင်ဆာအဖွဲ့က တွက်ချက်ထားတာတော့ တစ်ကမ္ဘာလုံးမှာ ကလေးကင်ဆာက တစ်နှစ်ကို ၂,၃၀၀ လောက်ရှိတယ်လို့ သိရတယ်’’ဟု ဒေါက်တာတင့်မျိုးလင်းက ပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ ကင်ဆာဖြစ်ပွားမှု အမြင့်မားဆုံးနိုင်ငံ ၂၂ နိုင်ငံထဲတွင် အပါအဝင်ဖြစ်ကာ ကလေးနှင့် လူကြီးကင်ဆာဖြစ်ပွားနှုန်းမှာ၂,၀၀၀ မှ ၄,၀၀၀ ကြားရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top