iMyanmarHouse.com - Best Property Website for Myanmar
×

ဆန်၊ ဂျုံ ၊ မုယောတို့ ပြီးရင် ပြောင်းဟာ ကမ္ဘာတ၀န်းလုံးက သိကြတဲ့ အဓိက အစားအစာ ဖြစ်ပါတယ်။ ပြောင်းမှာ carbohydrate ဓာတ်များ၊ အစာချေ ဖိုက်ဘာဓာတ်များ မြင့်မားစွာ
ပါဝင်ပြီး အသားဓာတ်နဲ့ အဆီဓာတ်များ လျော့နည်းပါတယ်။ ပြောင်းဖူး လတ်ဆတ်လေ ကျန်းမာရေး အတွက် ပိုကောင်းလေပါပဲ။

၁။ လတ်လတ် ဆတ်ဆတ်ပြောင်းဖူး တစ်ဖူးကို ပြုတ်ပြီး ရလာတဲ့ ပြောင်းဖူးရေ တစ်ဖန်ခွက်စာကို ပျားရည် တစ်ဇွန်းရောပြီး ပြောင်းဖူးပြုတ်ဖြင့် တွဲဖက် စားသောက်ပါ။ ဒီနည်းက ကျောက်ကပ်များကို ကောင်းမွန်စေပြီး ဆီးလမ်းကြောင်းကို ပုံမှန် လုပ်ဆောင်စေပါတယ်။ ကျောက်ကပ် ကျောက်တည်ခြင်းကိုလည်း တားဆီးပေးပါတယ်။ တစ်ခု သတိထားရမှာက ပြောင်းဖူးပြုတ်တဲ့အခါ ဆားလုံးဝ မထည့်မိဖို့ပါပဲ။

၂။ ရေနွေး တစ်ဖန်ခွက်ထဲသို့ ပျားရည်၊ ပြောင်းဖူးစေ့များ၊ ပြောင်းဖူး မွှေးများရောပြီး လက်ဖက်ခြောက် ကဲ့သို့ ခတ်သောက်ပါ။ တစ်နေ့လျှင် သုံးကြိမ် သောက်သုံးခြင်းဖြင့် ကလေးများ အတွက် အိပ်ရာထဲ ဆီးသွားခြင်း ဝေဒနာကို သက်သာစေပါတယ်။ ဒါအပြင် မူးမော် အော့အန်ခြင်းများကိုလည်း သက်သာစေပါတယ်။

၃။ လတ်ဆတ်တဲ့ပြောင်းဖူးကို စားပေးပါက သွားကိုပါ သန့်ရှင်းပြီးသား ဖြစ်တာကြောင့် သွားပြဿနာများကိုလည်း အထိုက်အလျောက် လျှော့ချပေးနိုင်ပါတယ်။

၎။ ပြောင်းဖူးက အားအင် ကုန်ခမ်းနေတဲ့ ကြွက်သားနဲ့ အရိုးများကို အာဟာရပြု အားဖြည့်ပေးပါတယ်။ ထို့ကြောင့် အကြီးအကျယ် နေမကောင်း ဖြစ်ပြီး နာလန်ပြန်ထစ လူနာများ အတွက် အားရှိအောင် ပြောင်းဖူး ဟင်းလျာကို စားသုံးသင့်ပါတယ်။

၅။ တခြားကောက်နှံစာများနဲ့ မတူပဲ ပြောင်းဖူးမှာ အူသိမ်ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေတတ်တဲ့ Jh Gluten ဓာတ်မပါဝင်ပါ။ ဒါကြောင့်လည်း ပြောင်းဖူးကို အစာချေဖျက်မှု မမှန်ခြင်း၊ အူမကြီးဆိုင်ရာ ဝေဒနာများ၊ လည်ပင်းအကျိတ် ဝေဒနာများကို သက်သာစေဖို့ ညွှန်းကြပါတယ်။

၆။ ပြောင်းဖူးမှန်မှန် စားပေးတဲ့ သူဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါ၊ သွေးတိုးခြင်း စတာတွေ ဖြစ်နိုင်ချေ နည်းပါးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပြောင်းဖူးကကို လက်စထရော ဓာတ်မြင့်မားမှုကို လျှော့ချပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

၇။ ပြောင်းဖူးမှုန့် နှစ်ဇွန်းခန့်ကို ရေအေးဖန်ခွက် တ၀က်ထဲသို့ ထည့် ဖျော်သောက်ပါက ၀မ်းလျှောခြင်းနှင့် မိန်းမများတွင် ကလေးမွေးပြီး သွေးအလွန်အကျွံ ဆင်းခြင်းတို့ကို သက်သာစေပါတယ်။

၈။ ပြောင်းဖူးဆီက အကောင်းဆုံး ဟင်းချက်ဆီများတွင် တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ၄င်းက ကိုလက်စထရော လျှော့ချပေးပါတယ်။

၉။ ပြောင်းဖူးမှုန့်ကို ဆားအနည်းငယ် ရောပြီး ရောင်ရမ်းနေသော နေရာများ၊ ဒဏ်ရာများနှင့် ဆီးအိတ် နာကျင်နေလျှင် ကျပ်ထုပ်ထိုးပေးပါ။

Credit : Messenger

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top