iMyanmarHouse.com - Best Property Website for Myanmar
×

ချစ်ကြတဲ့ စုံတွဲတိုင်းမှာ လိုအပ်ချက်တွေဆိုတာ ရှိပါတယ်။ တစ်ယောက် လိုအပ်ချက်ကို အခြားတစ်ယောက်က သိပြီး ဖြည့်ဆည်းပေးနိုင်ရင် ခိုင်မာတဲ့ ချစ်သူ / အိမ်ထောင်သည် ဘ၀ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်လက်တွဲဖော်က ကိုယ့်ဆီက ဘာတွေ လိုချင်တယ်ဆိုတာ သိချင်ရင် သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး ၊ စိတ်နေစိတ်ထားကို လေ့လာတာက အကောင်းဆုံးပါပဲ။ သူက လွတ်လွတ်လပ်လပ် နေတတ်သူလား၊ လျှို့ဝှက်တတ်တဲ့ သူလား။သံသယ များတဲ့သူလား ။ဒါမှမဟုတ် ကိုယ့်အနေနဲ့ သူ ကိုယ့်ဆီက ဘာလိုချင်လဲဆိုတာ မေးရမှာ ရှက်ရွံ့နေပါသလား ။ သူ့ရဲ့ စိတ်ထားကို အနီးစပ်ဆုံး ခန့်မှန်းနိုင်ဖို့ သူ့ရဲ့ ရာသီခွင် ကကူညီပေးပါလိမ့်မယ်။

မိဿ     (မတ် ၂၁- ဧပြီ ၁၉)။  ။မိဿ      ရာသီဖွားတွေက စိတ်တို စိတ်မရှည်တတ်သူတွေ ဖြစ်ပါတယ်။ဒါကြောင့် ပြဿနာ တစ်ခု ဖြစ်လာရင် သူတို့နဲ့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ပြိဿ (ဧပြီ ၂၀-မေ ၂၀) ။  ။ပြိဿရာသီဖွားတွေက ခေါင်းမာပြီး အရမ်းကို ထိခိုက် ခံစားလွယ်ပါတယ်။သူတို့ရဲ့ လက်တွဲဖော်တွေအနေနဲ့ ကိုယ့်ချစ်သူရဲ့ ခံစားချက်နဲ့ ပတ်သက်လာရင် နူညံ့ ညင်သာစွာ ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်။ သူတို့က ခွင့်လွှတ်ဖို့ အချိန်ကြာတတ်လို့ပဲ ဖြစ်ပါတယ်။

မေထုန် (မေ ၂၁-ဇွန် ၂၀)။  ။မေထုန်ရာသီဖွားတွေက ဘ၀မှာ အရာရာကို စိတ်အားထက်သန်စွာ ဆောင်ရွက်တတ်ပြီး စွန့်စားလိုစိတ် ပြင်းထန်ပါတယ် ။အချစ်ရေးမှာတော့ သူတို့ကို စိတ်လှုပ်ရှားမှုပေးနိုင်သရွေ့ ဘယ်တော့မှ ငြီးငွေ့မှာ မဟုတ်ပါဘူး ။မေထုန်ရာသီဖွား ချစ်သူဆိုရင်တော့ သူတို့အတွက် အချိန်များများပေးဖို့ကတော့ အလိုအပ်ဆုံးအရာ ဖြစ်ပါတယ်။

ကရကဋ်(ဇွန် ၂၁-ဇူလိုင်၂၂)။  ။သစ္စာရှိပြီး မှီခိုတတ်သူတွေဖြစ်ပါတယ် ။သူတို့ကလည်း သူတို့ ချစ်သူတွေဆီကနေ တူညီတဲ့ သစ္စာတရား နဲ့ သူတို့လိုအပ်တဲ့ အချိန်မှာ မှီခိုနိုင်မဲ့သူမျိုး ဖြစ်ဖို့ မျှော်လင့်တတ်ကြပါတယ်။

သိဟ် (ဇူလိုင် ၂၃-သြဂုတ် ၂၂)။  ။မိမိကိုယ်ကို ယုံကြည်မှုရှိပြီး လူအများရဲ့ မှီခို အားထားမှုကို လိုချင်တတ်ကြသလို သူတို့ ချစ်ရတဲ့သူကိုလည်း သူတို့လို တူညီတဲ့ စိတ်ထားရှိစေချင်ကြပါတယ်။

ကန် (သြဂုတ် ၂၃-စက်တင်ဘာ ၂၂)။  ။ဝေဖန်ဆန်းစစ်တတ်တဲ့ စိတ်ထားရှိသော်လည်း အလွန်ကြင်နာတတ်သူတွေ ဖြစ်ပါတယ် ။သူတို့ ချစ်သူဆီကနေ အမျှော်လင့်ဆုံး အရာကတော့ ကြင်နာမှုပဲ ဖြစ်ပါတယ်။

တူ( စက်တင်ဘာ ၂၃-အောက်တိုဘာ ၂၂)။  ။အေးအေးဆေးဆေးနဲ့ သဟဇာတဖြစ်အောင်နေရတာကို နှစ်သက်သူတွေပါ ။ဒါကြောင့် တူရာသီဖွားတွေရဲ့ ချစ်သူအနေနဲ့ ရန်ပွဲတွေ ၊ စကားများတာတွေကို ရှောင်ကြဉ်ရမှာပါ။

ဗြိစ္ဆာ (အောက်တိုဘာ ၂၃- နိုဝင်ဘာ ၂၁)။  ။ရာသီဖွား အားလုံးထဲမှာ သံသယအများဆုံးနဲ့ မယုံကြည် တတ်ဆုံးသူတွေပါ ။သူတို့ရဲ့ ချစ်သူတွေအနေနဲ့ ရိုးသားမှုရှိဖို့ အလွန်အရေးကြီးပါတယ်။ဒီလိုမဟုတ်ရင်တော့ ပြဿ     နာတွေ အများကြီးဖြေရှင်းနေရတဲ့ ဆက်ဆံရေးမျိုး ဖြစ်မှာပါ။

ဓနု (နိုဝင်ဘာ ၂၂ - ဒီဇင်ဘာ ၂၁) ။  ။ ဓနုရာသီဖွားတွေဟာ ကိုယ့်အားကိုယ်ကိုးတတ်သူတွေ ဖြစ်ပြီး သူတို့ဟာ လူတွေကို ချစ်ခင်တတ်ကြပါတယ်။ အတိအကျ ပြောရမယ်ဆိုရင် သူတို့ဟာ လူတွေ အကူအညီလိုတဲ့အခါ ကူညီတတ်သူတွေလည်း ဖြစ်ချင်ကြပါတယ်။ ဒါ့ကြောင့် သူတို့ချစ်သူတွေကိုလည်း သူတို့လိုပဲ လူတွေကို ကူညီတတ်တဲ့သူတွေ ဖြစ်စေချင်ကြပါတယ်။

မကာရ (ဒီဇင်ဘာ ၂၂-ဇန်န၀ါရီ ၁၉)။   ။တာဝန်သိတတ်ပြီး အလုပ်ကြိုးစားတတ်သူတွေပါ ။ကိုယ့် တန်ဖိုးကိုယ် အသိဆုံးသူတွေလည်း ဖြစ်ပါတယ်။ သူ့လက်တွဲဖော်ကိုလည်း ဆက်ဆံရေး ခိုင်မာစေဖို့ သူ့လိုပဲ တာဝန်ယူတတ်တဲ့စိတ် ၊ကြိုးစားလိုစိတ်တွေ ရှိဖို့လိုလားပါတယ်။

ကုမ် (ဇန်န၀ါရီ ၂၀-ဖေဖော်ဝါရီ ၁၈) ။  ။စွန့်စားမှုကို အနှစ်သက်ဆုံးသူတွေ ဖြစ်ပြီး တော်လှန်တတ်သူများ ဖြစ်ပါတယ် ။မှန်တယ်ထင်တာကို လုပ်တတ်ကြပါတယ် ။သူတို့ချစ်သူတွေဆီကနေ မျှော်လင့်တတ်တာက သူတို့ အယူအဆတွေကို ထောက်ခံအားပေးဖို့ပဲ ဖြစ်ပါတယ်။

မိန် (ဖေဖော်ဝါရီ ၁၉-မတ် ၂၀)။  ။ဂရုစိုက်မှု ၊ရင်းနှီးနွေးထွေးမှု ကို တောင့်တကြတဲ့သူတွေပါ။ သူတို့ကို အားပေးနှစ်သိမ့်ပြီး အလေးထားစေလိုကြတယ် ။သူတို့ရဲ့ လက်တွဲဖော် အတွက်ကတော့ ချိုသာတဲ့ စကားလုံးတွေနဲ့ မေတ္တာကို ပြသနိုင်ဖို့ အရေးအကြီးဆုံးဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top