iMyanmarHouse.com - Best Property Website for Myanmar
×

အဖော်မပါဘဲ တစ်ယောက်တည်း အပြင်ထွက်စားခြင်း၊ ရှော့ပ်ပင်ထွက်ခြင်း နဲ့ ရုပ်ရှင်ကြည့်ခြင်းတို့က လေ့ကျင့်ခန်းတစ်ခုလည်းဖြစ်ပြီး မိမိကိုယ်ကိုယ် ယုံကြည်မှု မြင့်တင်ပေးတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ တချို့အနေနဲ့ တစ်ယောက်တည်း နေထိုင်သွားလာရတာ ပျော်ရွှင်ချမ်းမြေ့မှု ခံစားကြရပေမယ့် အများစုအတွက် အဖော်မပါဘဲ တစ်ဦးတည်း ထမင်းအပြင်ထွက်စားဖို့လေးတောင် သတ္တိမွေးကြရပါတယ်။ တစ်ယောက်တည်း သွားလာဖို့ စီစဉ်ဆုံးဖြတ်ထားပါက သိထားသင့်တဲ့ အချက်တချို့ ဖော်ပြပေးလိုက်ပါတယ်။ 

တစ်ယောက်တည်း အပြင်ထွက်စားဖို့ ရည်ရွယ်တဲ့အခါ ဖတ်စရာ စာအုပ်တစ်ခုခု ယူသွားပါ။ အပျင်းဖြေစေဖို့ သူများ အားကိုးနေစရာ မလိုတော့ဘူးပေါ့။ ခဏ တဖြုတ်လေး ဖတ်လို့ရမယ့် ကာတွန်းစာအုပ် သို့မဟုတ် ဝတ္ထုတိုစုစည်းမှု စာအုပ်မျိုးဆိုလည်း အဆင်ပြေပါတယ်။

စားရ လွယ်ကူတဲ့အရာ တစ်ခုခုမှာ မှာစားပါ။ ညစ်ပတ်ပေရေ မနေချင်ဘူး၊ ဘေးလူတွေကြောင့် အာရုံနောက်ရတာလည်း မကြိုက်ဘူးဆိုရင်ပေါ့။ ဆိုင်မှာ တစ်ယောက်တည်းလာစားတဲ့သူ မိမိတစ်ဦးတည်းဖြစ်နေရင် အာရုံစူးစိုက်မှု ခံရပါလိမ့်မယ်။ပတ်ဝန်းကျင် ကြည့်ရှုခံစားဖို့ ရည်ရွယ်ချက်နဲ့ သွားတာဖြစ်တဲ့အတွက်ကြောင့် မိမိပတ်ဝန်းကျင်နဲ့ လူတွေ လေ့လာ အကဲခတ်ဖို့ အချိန်အလုံလောက်စွာ ရရှိမှာပါ။ကောင်တာနဲ့ နီးနီးနားနားထိုင်ပါ။ မြန်မြန်ဆန်ဆန် ပြင်ဆင်ဧည့်ခံမပေးတဲ့ နေရာတွေကို ရှောင်ပါ။

ဖိုးသူတော်(www.phothutaw.com)
Credit : Trend Myanmar
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top