iMyanmarHouse.com - Best Property Website for Myanmar
×

ဖက်ရှင်ဒီဇိုင်းပိုင်းနဲ့ ပတ်သက်ပြီး ဟိုးအရင်ကတည်းက အသေမှတ်ယူထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။  တကယ်တော့ အဲ့ဒီစည်းမျဥ်းစည်းကမ်းတစ်ချို့ဟာ ခုအချိန်မှာ လုံးဝဘောင်မ၀င်တော့ပါဘူး။ ပြောင်းလဲလာတဲ့ ဖက်ရှင်ရေစီးကြောင်းအရ ခု နှစ်သစ် ၂၀၁၆ခုနှစ်မှာ သင့်အနေနဲ့ လုံးဝပစ်ထားသင့်ပြီဖြစ်တဲ့ စည်းမျဉ်းတွေကတော့

၁။ခြေအိတ်ကို ဖော်မ၀တ်ရဘူးဆိုတဲ့ စည်းမျဉ်းစည်းကမ်း
ဖိနပ်ဝတ်တဲ့အခါ ခြေအိတ်ကို လုံးဝဖော်ပြီး ၀တ်တာမျိုးဟာ ကြည့်မကောင်းတာကြောင့် ရှောင်ကြဉ်သင့်တယ်ဆိုပြီး ဟိုးအရင်က သတ်မှတ်ထားပေမယ့် ခုချိန်မှာတော့ ရှုးဖိနပ်နဲ့ ခြေအိတ်ကိုတောင် တွဲဝတ်တဲ့ ခေတ်ရောက်နေပါပြီ။

၂။ဂါဝန်တွေ၊ စကတ်တွေကို heel တွေ၊ ဒေါက်ဖိနပ်တွေနဲ့သာ တွဲဝတ်သင့်တယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်း
ဂါဝန်ဝတ်တဲ့အခါ အောက်က မိန်းကလေးဆန်ဆန် ဖိနပ်လေးတွေ၊ဒေါက်မြင့် ဖိနပ်တွေနဲ့သာ လိုက်ဖက်တယ်လို့ ယူဆထားကြတာ ကြာပါပြီ။ တကယ်တော့ ခုချိန်မှာ အဲ့ဒီလို ၀တ်စုံမျိုးနဲ့ sneaker တွေ တွဲစီးရင်ရော ဘယ်သူကမှ ဘာမှ မပြောနိုင်ပါဘူး။ ဒါလည်း ဖက်ရှင်တစ်ခုပါပဲ။

၃။အဖြူဝမ်းဆက်ကို ပွဲလမ်းသဘင်မှာသာ ၀တ်ဆင်ရတယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်း
ပါတီပွဲ၊ ဒင်နာလိုပွဲမျိုးတွေ သွားတဲ့အခါ အဖြူဝမ်းဆက်ဝတ်တာ ဘာမှမဖြစ်ပေမယ့် ထသွားထလာ၊ ဒါမှမဟုတ် ဒိတ်လုပ်တဲ့အခါ အဖြူဝမ်းဆက် ၀တ်ရင်တော့ ဒါနည်းနည်းအူကြောင်ကြောင် ဖြစ်တယ်လို့ ဆိုကြပါတယ်။ တကယ်တော့ ဒီလို စည်းမျဉ်းတွေက ချိုးဖောက်ကြရမှာပါ။ ကိုယ်ဝတ်ချင်တာကို လွပ်လပ်စွာ ယုံကြည်မှုရှိရှိ ၀တ်ဆင်သင့်တယ်လေ။

၎။အပြောင်အလက် စီးကွင့်ဒီဇိုင်းတွေကို နေ့ခင်းဘက် မ၀တ်သင့်ဘူးဆိုတဲ့ စည်းမျဉ်းစည်းကမ်း
နေ့လည်ဘက် အပြင်သွားတဲ့အခါ စီးကွင့်ပါတဲ့ ဒီဇိုင်းတွေ၊ metallic အပြောင် ဒီဇိုင်းတွေ ၀တ်ဆင်ဖို့ မသင့်ဘူးဆိုတဲ့ စည်းမျဉ်းကိုလည်း ၂၀၁၆ထိသယ်မလာပဲ အဝေးမှာသာ ထားခဲ့ပါတော့။

၅။Overall တစ်ဆက်တည်းဂျင်းတွေက ကလေးတွေအတွက်သာ ဖြစ်တယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်း
ခုချိန်မှာ ကိုယ့်ဗီရိုထဲ ရှိကိုရှိသင့်တဲ့ ဒီဇိုင်းတွေထဲမှာ Overall က ထိပ်ဆုံးက ပါပါတယ်။ သူက လွတ်လပ်ပေါ့ပါးပြီး ဘယ်တော့မှ ရိုးမသွားမယ့် ဒီဇိုင်းမို့ Overall ဟာ ကလေးတွေအတွက်သာ ဖြစ်တယ်ဆိုတဲ့ စည်းမျဥ်းစည်းကမ်းကို ချန်ထားခဲ့လိုက်ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top