iMyanmarHouse.com - Best Property Website for Myanmar
×

တောင်ကိုရီးယားသရုပ် ဆောင်မင်းသား ဂျန်ဂွန်ဆော့သည်SBS ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမည့် Daebak ရာဇဝင်ဇာတ်လမ်း တွဲ၌ ပါဝင်သရုပ်ဆောင်မည်ဟု အတည်ပြုသည်။

Daebak ဇာတ်လမ်းတွဲသည်ဒယ်ဂီဟူသော အမျိုးသားနှင့် ရှင် ဘုရင် ယောင်းဂျိုတို့အကြား ယှဉ် ပြိုင်မှုကြီးတစ်ခုကို တင်ဆက်မည် ဖြစ်သည်။ ယင်းဇာတ်လမ်းတွဲကို ရိုက်ကူးမည့် ဒါရိုက်တာ နမ်ဂွန်က ၎င်းဖန်တီးထားသော    ဇာတ် ကောင် ဒယ်ဂီသည် ဂျန်ဂွန်ဆော့ ထံမှ အစပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။ ဂျန်ဂွန်ဆော့သည် ယင်းဇာတ်လမ်းတွဲ၌ ရှင်ဘုရင် ယောင်းဂျိုနှင့် ယှဉ်ပြိုင်မည့် ဂျိုဆွန် ပြည်မှ လောင်းကစားအတော်ဆုံး ပုဂ္ဂိုလ် ဒယ်ဂီအဖြစ် သရုပ်ဆောင် မည်ဖြစ်သည်။

ဂျန်ဂွန်ဆော့သည် ဇာတ် လမ်းတွဲရိုက်ကူးမှုများမှ နှစ်နှစ်ခန့် နားခဲ့ပြီးနောက် ရာဇဝင်ဇာတ် လမ်းတွဲဖြင့် ပရိသတ်ရှေ့မှောက် သို့ ပြန်လာခြင်း ဖြစ်သည်။ ပြီးခဲ့ သည့်  နှစ်နှစ်အတွင်း သရုပ် ဆောင်သင်ခန်းစာများရခဲ့ကြောင်း၊ သရုပ်ဆောင်မှုအပေါ် သဘောထားနှင့် နှစ်သက်မှုကိုလည်း ပြန်လည်အားဖြည့်ထားကြောင်းနှင့် ဒယ်ဂီဇာတ်ရုပ်ကို    အကောင်း ဆုံး သရုပ်ဆောင်သွားမည်ဖြစ် ကြောင်း ဂျန်ဂွန်ဆော့က ပြော သည်။

Daebak ဇာတ်လမ်းတွဲကို လာမည့်မတ်လကုန်တွင် ထုတ် လွှင့်ပြသမည်ဟု သိရသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top