iMyanmarHouse.com - Best Property Website for Myanmar
×

ဗြိတိန် ရုပ်သံ အစီအစဉ်ကြေညာသူနဲ့ မော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ Katie Price ဟာ သူမရဲ့  မင်္ဂလာဆောင်နှစ်ပတ်လည်နေ့မှာ သူမရဲ့ အတိတ်တွေကို ရှင်းလင်းလိုက်တဲ့ပုံပါပဲ။

အရင်တစ်ခေါက်တုန်းကသူမဟာ ပထမဆုံးခင်ပွန်းဖြစ်တဲ့ Peter Andre အကြောင်းတွေကို အောက်မေ့ဖွယ်ပြောပြခဲ့ဖူးသလို အခုလို ဒုတိယမြောက်အိမ်ထောင် ဖြစ်တဲ့ Alex Reid နဲ့လက်ထပ်ခဲ့စဉ်က ၀တ်ဆင်ခဲ့တဲ့ မင်္ဂလာ ၀တ်စုံကို ရောင်းချခဲ့ပြန်ပါတယ်။ ဒါကြောင့် Katie Price ရဲ့  ပရိတ်သတ်တွေအနေနဲ့ အရွယ်အစား နံပါတ် ၈ ရှိတဲ့ Katie Price ရဲ့  မင်္ဂလာဝတ်စုံကို ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။

သူမဟာ အင်တာနက် ဈေးဝယ်ဌာနဖြစ်တဲ့ eBay ကတစ်ဆင့် ရောင်းချခဲ့တာဖြစ်ပြီး "ကျွန်မဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က စိတ်ရှုပ်ဖို့ကောင်းတဲ့ အ၀တ်ဗီရို တစ်ခုကို တည်ဆောက်ခဲ့ဖူးတယ်။ အခုတော့ အဲဒါကိုရှင်းလင်းပြီး ကျွန်မ အ၀တ်အစားတွေကို ရောင်းချချိန်တန်ပြီ" လို့ သူမက eBay မှာလည်း ရေးသားထားပါသေးတယ်။

ထို မင်္ဂလာဝတ်စုံကတော့ Small ဆိုက်ဇ် ဖြစ်ပြီး ဗြိတိန် ဆိုက်ဇ်အရဆိုရင်တော့ နံပါတ် ၈ ရှိပါတယ်။ ဒါ့အပြင် သူမရဲ့  ၀တ်စုံကို လက်ဝတ်ရတနာတွေနဲ့ တပ်ဆင် အလှဆင်ထားပါသေးတယ်။ Katie Price ဟာ ဒီအားလပ်ရက်မှာလည်း သူမရဲ့ လက်ရှိ ခင်ပွန်း Kieran Hayler နဲ့အတူ မင်္ဂလာနှစ်ပတ်လည် နေ့ကို ဆင်နွှဲနေခဲ့တာလည်း ဖြစ်ပါတယ်။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top