iMyanmarHouse.com - Best Property Website for Myanmar
×

တောင်ကိုရီးယား နာမည်ကြီး EXID အဖွဲ့ဟာ ချစ်သူများနေ့မှာ သူတို့ရဲ့ ပရိတ်သတ်တွေနဲ့အတူ ဖြတ်သန်းသွားမယ်လို့ သိရပါတယ်။ Yedang Entertainment ရဲ့ ထုတ်ပြန်ချက်အရ “EXID’s LEGGO SHOW” လို့ အမည်ပေးထားတဲ့ အသေးစား ဖျော်ဖြေပွဲတစ်ခု ကျင်းပသွားဖို့ရှိပါတယ်။

ဒါ့ပြင် EXID အဖွဲ့ရဲ့ (၄) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဖျော်ဖြေပွဲလက်မှတ် ဝယ်ယူကြတဲ့ ပရိတ်သတ်တွေကိုလည်း အဖွဲ့ဝင်ကဒ်တွေကို အကန့်အသတ်နဲ့ ပေးသွားဦးမယ့်အပြင် ဖျော်ဖြေပွဲအပြီးမှာ အဖွဲ့ဝင်တွေနဲ့ ဓာတ်ပုံရိုက်ကူးလို့ရအောင် စီစဉ်ပေးသွားမှာပါ။

အဆိုပါ ဖျော်ဖြေပွဲမှာ အဖွဲ့ဝင်တွေ တစ်ယောက်စီ ကနေ သူတို့ရဲ့ စွမ်းရည်တွေကို ထုတ်ဖော် ပြသပေးသွားမယ်လို့လည်း သိရပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top