iMyanmarHouse.com - Best Property Website for Myanmar
×

Big Bang အဖွဲ့ဝင် ဂျီဒရာဂွန် (G-Dragon) ဟာ Chanel ရဲ့ “Chanel 2016 S/S Haute Couture Collection” ဖက်ရှင်ပွဲကို တက်ရောက်ခွင့်ရတဲ့ တစ်ဦးတည်းသော် ကိုရီးယားနာမည်ကြီး တစ်ယောက်ဖြစ်လာခဲ့သလို အခုဆိုရင် သူဟာ ကမ္ဘာကျော် ဖက်ရှင်ကြယ်ပွင့် တစ်ဦးလည်း ဖြစ်လာပါပြီ။

ဒါ့အပြင်သူဟာ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာဖြစ်တဲ့ ကာလ်လာဂါဖဲ (Karl Lagerfield) နဲ့ အင်စတာဂရမ်မှာ ဓါတ်ပုံရိုက်ပြီး တင်ခဲ့သလို အရွယ်အစားကြီးမားတဲ့ Chanel သိုးမွှေးဦးထုပ်နှင့် အပေါ်အင်္ကျီကိုလည်း ဝတ်ပြခဲ့ပါသေးတယ်။

အဆိုပါ ဖက်ရှင်ပွဲမှာ နာမည်ကြီးတွေဖြစ်တဲ့ ကွင်းနတ်ပေါလ်သရို (Gwyneth Paltrow) နှင့် မော်နီကာ ဘလူစီတို့နဲ့အတူ ဂျီဒရာဂွန်ဟာ အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top