iMyanmarHouse.com - Best Property Website for Myanmar
×

မြန်မာနိုင်ငံမှာ လာရောက်ဖျော်ဖြေဖူးခဲ့တဲ့ နာမည်ကျော် အဆိုတော် Jason Mraz ဟာ ပြင်းထန်တဲ့ ကားမတော်တဆမှုတစ်ခုကို ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

ဒီဂရမ်မီဆုရှင်ဟာ အိမ်ကနေ ထွက်ခွာလာချိန်မှာ မီးနီကို အရှိန်ပြင်းပြင်းနဲ့ ကျော်ဖြတ်လာတဲ့ တခြားကားတစ်စီးက သူ့ရဲ့ ကားကို ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခဲ့တဲ့ ကားဟာ Jason ရဲ့ ကားကို တိုက်ပြီးတဲ့နောက်မှာတော့ ၉၀ ဒီဂရီလောက် လည်ထွက်သွားခဲ့ပြီး  နောက်ထပ်ကားတစ်စီးကို ထပ်မံတိုက်မိခဲ့တယ်လို့ သိရပါတယ်။

Jason Mraz ကတော့ လည်ပင်းမှာ အနည်းငယ် ဒဏ်ရာရရှိသွားပြီး ဆေးရုံကို သွားရလောက်အောင် သူ့ရဲ့ ဒဏ်ရာက မပြင်းထန်ဘူးလို့ သိရပါတယ်။ ဒါပေမယ့် သူ့ရဲ့ကားထဲမှာ ပါလာတဲ့ လက်ထပ်ပြီးခါစ ဇနီးသည်  Christina Carano ကတော့ လည်ပင်းဒဏ်ရာပြင်းခဲ့လို့ ဆေးရုံကို သွားရောက် ကူသမှုခံယူနေရတယ်လို့ သိရပါတယ်။

Jason ရဲ့ အတွင်းရေးမှူးကတော့ ဒီသတင်းကို မှတ်ချက် တစ်စုံတစ်ရာပေးခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ Jason ဟာ Christina နဲ့ အောက်တိုဘာလအတွင်းက လက်ထပ်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ လက်ထပ်ပွဲကိုတော့ တိုးတိုးတိတ်တိတ်သာ ကျင်းပခဲ့တယ်လို့လည်း သိရပါတယ်။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top