iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ်တွေကတော့ အရင်တုန်းက အခင်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ Hailey Baldwin နဲ့ Justin Bieber တို့ဟာ သမီးရည်းစားတွေဖြစ်နေပြီလို့ အတော်များများက ထင်မြင်နေကြပါတယ်။ အဲ့ဒီလို သတင်းတွေထွက်နေတာကိုတော့ Hailey Baldwin ရဲ့ ဖခင်ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်နဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Stephen Baldwin ကတော့ ငြင်းဆိုလိုက်ပြီး သူတို့နှစ်ယောက်ဟာ သူငယ်ချင်းသက်သက်သာ ဖြစ်တယ်လို့ ပြောပါတယ်။

သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ ဘာမှ အညွှန်းတပ်စရာမရှိဘဲနဲ့ သူတို့နှစ်ယောက်ဟာ ရိုးသားတဲ့ သူငယ်ချင်းတွေအဖြစ်သာရှိနေတယ်လို့ TMZ နဲ့ အင်တာဗျူးမှာ Stephen Baldwin က ပြောလိုက်တာပါ။ " မစ္စတာ Bieber ကတော့ အံ့သြစရာကောင်းတဲ့ အသက်ငယ်ငယ်ဘဲလေးတစ်ယောက်ပဲ။ အရည်အချင်းတွေကလည်း ဧရာမပါပဲ။ ကျွန်တော့်ထက်တောင် သူက အောင်မြင်ပါသေးတယ်။ " လို့ ပြောပါတယ်။

" ခင်ဗျားသမီးကကော ဒီ အသက် ၂၁ နှစ်အရွယ်အဆိုတော်လေးကို လက်ထပ်မယ်လို့ ပြောလာရင်ရော " ဆိုတဲ့ မေးခွန်းကိုလည်း Stephen Baldwin က ရယ်ရယ်မောမောနဲ့ပဲ " ကျွန်တော်တို့ အဲ့ဒီအခြေအနေကနေ ဝေးကွာနေပါတယ် " လို့ ဖြေကြားခဲ့ပါတယ်။

Hailey Baldwin နဲ့ Justin Bieber ကတော့ တစ်ယောက်နဲ့ တစ်ယောက်နမ်းနေတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖြန့်ဝေခဲ့ကြပြီး သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်နေပြီလို့လည်း ပရိသတ်တွေက ထင်မြင်ခဲ့ကြပါတယ်။ Hailey Baldwin နဲ့ Justin Bieber တို့ဟာ Hailey ရဲ့ ဖခင်ဖြစ်သူ Stephen Baldwin  ရဲ့ မိတ်ဆက်ပေးမှုနဲ့ သူငယ်ချင်းဖြစ်ကြပြီး ရင်းနှီးခဲ့ကြတာပါ။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top